(၃-၁၁-၂၀၂၂ ရက်၊ ပရာ့ဂ်)
ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဒေါက်တာဘုန်းလင်းကြိုင်နှင့် ဇနီးတို့သည် ၂၇-၁၀-၂၀၂၂ ရက်နေ့တွင် ချက်သမ္မတနိုင်ငံ၊ ပရာ့ဂ်မြို့၊ ပရာ့ဂ်ရဲတိုက်၌ ကျင်းပပြုလုပ်သော ချက်သမ္မတနှင့် သံတမန်များတွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကာ ချက်သမ္မတ H.E. Mr. Milos Zemanနှင့် ဇနီးတို့အား ဂါရဝပြု တွေဆုံနှုတ်ဆက်ခဲ့ပြီး ၂၈-၁၀-၂၀၂၂ ရက်နေ့တွင် ပြုလုပ်သော ချက်သမ္မတနိုင်ငံ၏ (၁၀၄) နှစ်မြောက် လွတ်လပ်ရေးနေ့ ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

