(၂-၃-၂၀၂၃ ရက်၊ ပရာ့ဂ်)
အာဆီယံကော်မတီ ပရာ့ဂ်မြို့က Czech Federation of Food Banks သို့ စားသောက်ကုန်များ လှူဒါန်းပွဲကို ၁-၃-၂၀၂၃ ရက်တွင် ကျင်းပခဲ့ရာ၊ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဒေါက်တာဘုန်းလင်းကြိုင် ဦးဆောင်သည့် မြန်မာသံရုံးအဖွဲ့ တက်ရောက်ခဲ့ပါသည်။ လှူဒါန်းပွဲသို့ ပရာ့ဂ်မြို့တွင် ရုံးစိုက်သော မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်သံရုံးတို့မှ သံရုံးအကြီးအကဲများနှင့် သံတမန်များ တက်ရောက်ခဲ့ကြပါသည်။
အာဆီယံကော်မတီ ပရာ့ဂ်မြို့အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ချက်နိုင်ငံရှိ အခက်အခဲ ဖြစ်နေသူများအား တစ်ဖက်တစ်လမ်းမှ အကူအညီ ပေးနိုင်ရန်အတွက် Czech Federation of Food Banks သို့ ၂၀၂၁ ခုနှစ်တွင် ပထမဆုံးအကြိမ် စတင်လှူဒါန်းခဲ့ပြီး နှစ်စဉ်ဆက်လက်လှူဒါန်းခဲ့ရာ ယခုနှစ်တွင် ချက်နိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ရောက်ရှိလာကြသော ဒုက္ခသည်များ အပါအဝင် ချက်နိုင်ငံတစ်ဝှမ်းရှိ လိုအပ်နေသူများထံသို့ စားသောက်ကုန်များ ဖြန့်ဝေပေးနိုင်ရန် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

