ကွမ်ရှီးဒေသ၊ လျှိုကျိုးမြို့၌ ကျင်းပသည့် 2025 ASEAN-Oriented Cultural Exchange and Cooperation Forum သို့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ပါဝင်တက်ရောက် (၁၉-၈-၂၀၂၅ ရက်)

၁၉-၈-၂၀၂၅

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လျှိုကျိုးမြို့၌ ၁၇-၈-၂၀၂၅ ရက်နေ့မှ ၂၀-၈-၂၀၂၄ ရက်နေ့အထိ ကျင်းပသည့် 2025 ASEAN-Oriented Cultural Exchange and Cooperation Forum သို့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း ပါဝင်တက်ရောက်ခဲ့သည်။ ၁၈-၈-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပသည့် Forum ဖွင့်ပွဲအခမ်းအနားတွင် ကွမ်ရှီးဒေသ၊ ဒုတိယအုပ်ချုပ်ရေးမှူး Ms. Sui Guohua၊ တရုတ်ယဉ်‌ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ နိုင်ငံတကာဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဗျူရိုမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Shi Zeyi၊ ကမ္ဘောဒီးယားယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် Mr. Hab Touch တို့က တက်ရောက်အမှာစကားပြောကြားခဲ့ကြပြီး ထိုင်း ယဉ်‌ကျေးမှုဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် Mr. Rakchanok Kojaranont မှ ဗီဒီယို မိန့်ခွန်းပြောကြားခဲ့ပါသည်။ ဖိုရမ်သို့ အာဆီယံကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊ ကွမ်ရှီးဒေသ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ အာဆီယံနိုင်ငံများမှ ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် အခြားဖိတ်ကြားထားသောဧည့်သည် စုစုပေါင်း (၁၅၀)ကျော် တက်ရောက်ခဲ့ကြပါသည်။ ထို့နောက် (အာရှ-ပစိဖိတ်ဒေသတွင်းမဟာမိတ်) ပြတိုက်များဆိုင်ရာ နိုင်ငံတကာကောင်စီနှင့် လျှိုကျိုးစက်မှုပြတိုက်တို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် အာဆီယံနိုင်ငံများမှ ပြတိုက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများ၊ ပညာရှင်များက ဆွေးနွေးပြောကြားခဲ့ကြပါသည်။