(၇-၂-၂၀၂၆၊ ချုံချင့်)
ချုံချင့်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ချုံချင့်မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးချုပ် Ms. Wang Wen ၏ ဖိတ် ကြားချက်အရ ၆-၂-၂၀၂၆ ရက်တွင် ချုံချင့်မြို့ရှိ Shark Restaurant ၌ ကျင်းပသည့် ချုံချင့်၏ ကောင်စစ်ဝန်အဖွဲ့အများအတွက် ၂၀၂၆ ခုနှစ် နှစ်သစ်ကူးဧည့်ခံပွဲနှင့် နိုင်ငံတကာ ဈေးရောင်း ပွဲတော်သို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါဧည့်ခံပွဲသို့ ချုံချင့်မြို့ ဒုတိယမြို့တော်ဝန်နှင့် ယွီကျုံးခရိုင်ပါတီအတွင်းရေးမှူး Mr. Huang Maojun၊ ချုံချင့်မြူနီစီပယ်ပြည်သူ့အစိုးရ ဒုတိယအတွင်းရေးမှူး Mr. Gong Yue၊ ချုံချင့် မြူနီစီပယ် နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးချုပ် Ms. Wang Wen ၊ ယွီကျုံးခရိုင် မြို့တော်ဝန် Mr. Xie Dong နှင့် အစိုးရဌာနများမှ ကိုယ်စားလှယ်များ၊ ချုံချင့်မြို့နှင့် ချန်ဒူးမြို့ အခြေစိုက် ပြည်ပကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ကိုယ်စားလှယ်များ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ဧည့်သည်တော်များသည် International Sister Cities Food street အတွင်း ခင်းကျင်းပြသထားသည့် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မြန်မာ၊ ဥရုဂွေး၊ ဘယ်လာရုစ်၊ ဩစတြေးလျ၊ အီတလီ၊ ပါကစ္စတန်၊ အီတလီနိုင်ငံများနှင့် ချုံချင့်ဒေသထွက် အစားအသောက်များ၊ လက်မှု ပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။
ထို့နောက် ဧည့်ခံပွဲအခမ်းအနားကို ညနေ (၆:၀၀) နာရီတွင် စတင်ကျင်းပခဲ့ပြီး ချုံချင့်မြို့ ဒုတိယမြို့တော်ဝန်နှင့် ယွီကျုံးခရိုင်ပါတီအတွင်းရေးမှူး Mr. Huang Maojun၊ ယွီကျုံးခရိုင် မြို့တော်ဝန် Mr. Xie Dong တို့က အဖွင့်အမှာစကားအသီးသီး ပြောကြားခဲ့ပြီး ချုံချင့်မြို့ နိုင်ငံခြားကောင်စစ်ဝန်အဖွဲ့ အကြီးအကဲဖြစ်သည့် ဘယ်လာရုစ် ကောင်စစ်ဝန်ချုပ် Mr. Dzmitry Yemelyanau နှင့် ချန်ဒူးမြို့ နိုင်ငံခြားကောင်စစ်ဝန်အဖွဲ့ အကြီးအကဲဖြစ်သည့် ပြင်သစ်နိုင်ငံ ကောင်စစ်ဝန်ချုပ် Mr. Guillaume Delvallée တို့မှလည်း ကောင်စစ်ဝန်အဖွဲ့ကိုယ်စား နှစ်သစ်ကူး ဆုမွန်ကောင်းစကားများ ပြောကြားခဲ့ကြပါသည်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့အနေဖြင့် မြန်မာ့ရိုးရာ လက်မှုပစ္စည်းများ၊ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) မှ ပံ့ပိုးထားသည့် SME ထုတ်ကုန်များ၊ အစားအသောက်များဖြင့် အဆိုပါ နိုင်ငံတကာ ဈေးရောင်း ပွဲတော်တွင် ပါဝင်ခင်းကျင်းပြသခဲ့ကြောင်း သိရှိရပါသည်။



