မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ချုံချင့်မြို့ ယွီကျုံးခရိုင် နိုင်ငံခြားရေးဌာနမှ ညွှန်ကြားရေးမှူး Ms. Ren Haiyan နှင့် စီးပွား ရေးဌာနမှ တာဝန်ရှိသူများအား ၈-၅-၂၀၂၆ ရက်တွင် ချုံချင့်မြို့ရှိ ယွီကျုံးခရိုင်နိုင်ငံခြားရေးဌာနသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးရာတွင် ချုံချင့်၊ ယွီကျုံးခရိုင်နှင့် မြန်မာနိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ Western China International Fair of Investment and Trade -WCIFIT သို့ တက်ရောက်ရန် လာရောက်မည့် နေပြည်တော် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်အဖွဲ့အား ချုံချင့်မြို့မှ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စီးပွားရေးမိတ်ဖက်ဖလှယ်ပွဲ ကျင်းပနိုင်ရေးစသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ချုံချင့်မြို့ ယွီကျုံးခရိုင် နိုင်ငံခြားရေးဌာနမှ ညွှန်ကြားရေးမှူးနှင့်တွေ့ဆုံ(၈-၅-၂၀၂၆၊ ချုံချင့်)

