မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ချုံချင့်မြူနီစီပယ်မြို့ရှိ စီချွမ်းနိုင်ငံခြားဘာသာတက္ကသိုလ်မှ ကျောင်းအုပ်ကြီး Mr. Zhu Chaowei အား ၂၈-၄-၂၀၂၆ ရက်တွင် စီချွမ်းနိုင်ငံခြားဘာသာတက္ကသိုလ်၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံနှင့် စီချွမ်းနိုင်ငံခြားဘာသာတက္ကသိုလ် အကြား ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်၊ စီချွမ်းနိုင်ငံခြားဘာသာတက္ကသိုလ် နှင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေးနိုင် ရေးကိစ္စရပ်၊ စီချွမ်းနိုင်ငံခြားဘာသာတက္ကသိုလ်နှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာတက္ကသိုလ်များ အကြား ဆရာ/ ဆရာမများ အပြန်အလှန် စေလွှတ်သင်ကြားနိုင်ရေးကိစ္စရပ်နှင့် ကျောင်းသား/ ကျောင်းသူများအကြား ဘာသာရပ်နှင့် ယဉ်ကျေးမှုများ အပြန်အလှန်လေ့လာသင်ယူနိုင်ရေးကိစ္စ ရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် စီချွမ်းနိုင်ငံခြားဘာသာတက္ကသိုလ် မြန်မာစာဌာနသို့ သွားရောက်၍ တာဝန်ရှိသူများ၊ ကျောင်းသား/ ကျောင်းသူများနှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ အကြောင်းမိတ်ဆက်ပြောကြား ခဲ့ပါသည်။



