ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် မြန်မာ-ချုံချင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီးပွား ရေး မိတ်ဆက်ဆွေးနွေးပွဲနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲသို့ တက်ရောက် (၁၆-၅-၂၀၂၅ ရက်)

(၁၆-၅-၂၀၂၅၊ ချုံချင့်)

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်း သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့နှင့်အတူ ၁၃-၅-၂၀၂၅ ရက်တွင် ချုံချင့်မြို့၌ ကျင်းပခဲ့သည့် မြန်မာ-ချုံချင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီးပွားရေးမိတ်ဆက်ဆွေးနွေးပွဲနှင့် မြန်မာ-ချုံချင့် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်း အနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားကို ချုံချင့်မြူနီစီပယ်အစိုးရနှင့် မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့တို့မှ စီစဉ်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ချုံချင့်မြူနီစီပယ်အစိုးရ စီးပွားရေးရာကော်မရှင် ညွှန်ကြားရေးမှူးချုပ် Mr. Zhang Yongwu နှင့် တာဝန်ရှိသူများ၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့ဝင်များ၊ မြန်မာကောင်စစ်ဝန်ချုပ်၊ ချုံချင့်မြူနီစီပယ် အစိုးရတာဝန်ရှိသူများ၊ ချုံချင့် မြူနီစီပယ်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံရေး စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။ ချုံချင့်မြူနီစီပယ်အစိုးရ စီးပွားရေးရာကော်မရှင် ညွှန်ကြားရေးမှူးချုပ် Mr. Zhang Yongwu ၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့် မြန်မာကောင်စစ် ဝန်ချုပ် ဦးကျော်ဇေယျာလင်းတို့က အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ကြပြီးနောက် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ချုံချင့်မြူနီစီပယ်အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍ တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ပိုမိုတိုးတက်စေရေး မြန်မာ-ချုံချင့် စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ညွှန်ကြား ရေးမှူးချုပ် ဦးမြင့်သူရနှင့် ညွှန်ကြားရေးမှူးချုပ် Mr. Zhang Yongwu တို့က လက်မှတ် ရေးထိုးခဲ့ကြပါသည်။ အခမ်းအနားတွင် မြန်မာကိုယ်စားလှယ်အဖွဲ့များမှ မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ မူဝါဒများ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ၊ နေပြည်တော် စက်မှုဇုန် တည်ထောင်မည့် အခြေအနေများ၊ စက်မှုဇုန်တွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့် အရေးများအား တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များအား မိတ်ဆက် ဆွေးနွေးခဲ့ပြီး စက်မှုဇုန်နှင့်ပတ်သက်၍ တက်ရောက်လာသည့်သူများ၏ မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရှိရပါသည်။