(၂၁-၁-၂၀၂၆၊ ချုံချင့်)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၂၁-၁-၂၀၂၆ ရက် နံနက်ပိုင်းတွင် ချုံချင့်မြို့ရှိ China-Singapore Maylook Eye Hospital သို့ သွားရောက်၍ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် Maylook မျက်စိဆေးရုံတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ချုံချင့်မြို့ရှိ တက္က သိုလ်များတွင် လာရောက်ပညာသင်ကြားနေသော မြန်မာကျောင်းသား/ ကျောင်းသူများအား မျက်စိ အခမဲ့ စမ်းသပ်စစ်ဆေးခြင်းနှင့် မျက်မှန်ဝန်ဆောင်မှုများ ပြုလုပ်ပေးခဲ့ကြပါသည်။
ထို့နောက် ကောင်စစ်ဝန်ချုပ်သည် China-Singapore Maylook Eye Hospital မှ တာဝန် ရှိသူများနှင့် တွေ့ဆုံ၍ ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ၊ မြန်မာနိုင်ငံနှင့် Maylook မျက်စိဆေးရုံအကြား ပညာရှင်များ အပြန်အလှန်ဖလှယ်ရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။


