အာဆီယံကော်မတီကူဝိတ် (ASEAN Committee Kuwait-ACK) အလှည့်ကျဥက္ကဌ ကူဝိတ်နိုင်ငံဆိုင်ရာ ဘရူနိုင်းနိုင်ငံ သံအမတ်ကြီး Mr. Sulaini Said ကဦးဆောင်၍ ဘရူနိုင်း သံရုံး၌ ၁၄-၅-၂၀၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ACK သံအမတ်ကြီးအဆင့် အစည်းအဝေးသို့ မြန်မာသံအမတ်ကြီး ဦးချမ်းအေးသည် ကူဝိတ်အခြေစိုက်အာဆီယံသံရုံးများမှ သံအမတ်ကြီး များ၊ သံရုံးအကြီးအကဲများနှင့်အတူ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ကူဝိတ်နိုင်ငံ၌ အာဆီယံ၏ လှုပ်ရှားမှုများ ပိုမိုမြှင့်တင်နိုင်ရန် ၂၀၂၆ခုနှစ်အတွင်း ACK မှ ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များကိုဆွေးနွေးခဲ့ကြပါသည်။ ယင်းအစည်းအဝေး၌ သံအမတ်ကြီး ဦးချမ်းအေးသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုး တက်မှုအခြေအနေများနှင့် ရွေးကောက်ခံ အစိုးရသစ်၏ ရက် ၁၀၀ အစီအစဉ်အပါအဝင် ရှေ့ဆက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ကူဝိတ်နိုင်ငံရှိ အာဆီယံကော်မတီ သံအမတ်ကြီးများအဆင့် အစည်းအဝေးသို့ မြန်မာ သံအမတ်ကြီးတက်ရောက် (၁၄-၅-၂၀၂၆၊ ကူဝိတ်)

