ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်က ကမ္ဘောဒီးယားကောင်စစ်ဝန်ချုပ်သစ်အား လက်ခံတွေ့ဆုံ

(၂၂-၁-၂၀၂၆ ရက်၊ ကူမင်း)

ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းသည် ယူနန်ပြည်နယ်၊ ကူမင်းမြို့သို့ ကောင်စစ်ဝန်ချုပ်အဖြစ် ပြောင်းရွှေ့ရောက်ရှိလာသည့် ကမ္ဘောဒီးယား ကောင်စစ်ဝန်ချုပ် Mr. Heng Pisal ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် (ကြာသပတေးနေ့) (၁၅:၃၀) နာရီတွင် ကူမင်းမြို့ ၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ ကောင်စစ်ဝန်ချုပ်များသည် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုမြှင့်တင်ရေး၊ ယဉ်ကျေးမှုဖလှယ်ရေး၊ ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။

ကမ္ဘောဒီးယားကောင်စစ်ဝန်ချုပ်က ၎င်း၏ တာဝန်ထမ်းဆောင်သည့်ကာလအတွင်း ကြုံတွေ့ခဲ့သည့် အတွေ့အကြုံများကို မျှဝေခဲ့ပြီး၊ မြန်မာ ကောင်စစ်ဝန်ချုပ်က မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြပါသည်။