ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၇၇) နှစ်မြောက်အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနား တက်ရောက်

(၂၉-၉-၂၀၂၆၊ ကူမင်း)

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဦးဇေယျာမျိုးမြင့်သည် ၂၈-၉-၂၀၂၆ ရက် ညနေပိုင်းတွင် ကူမင်းမြို့ရှိ ကူမင်း တျန်းချီရေကန် ဆုန့်ဟိုတယ်၌ ယူနန်ပြည်နယ် ပြည်သူ့အစိုးရက တည်ခင်းဧည့်ခံသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၇၇) နှစ်မြောက်အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ယူနန်ပြည်နယ် ပြည်သူ့အစိုးရ၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ရွှီဟောက်က တက်ရောက်လာသူများအား နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ယင်းသို့ ပြောကြားရာတွင် ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးတက်လာကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ယူနန်ပြည်နယ် ပြည်သူ့အစိုးရမှ တာဝန်ရှိသူများ၊ ကူမင်းမြို့ အခြေစိုက် ကောင်စစ်ဝန်ချုပ်များနှင့် သံတမန်များ၊ ယူနန်ပြည်နယ်အခြေစိုက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။