ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်မှ Lancang-Mekong Cooperation Week in Yunnan 2023 တွင် မိန့်ခွန်းပြောကြား(၂၃-၃-၂၀၂၃ ရက်)

(၂၃-၃-၂၀၂၃ ရက်၊ ကူမင်း)

ယူနန်ပြည်နယ်ပြည်သူ့အစိုးရ ၊ နိုင်ငံခြားရေးရုံးမှ ကြီးမှူးကျင်းပသည့် Lancang-Mekong Cooperation Week in Yunnan 2023 အခမ်းအနားကို ၂၀၂၃ခုနှစ်၊ မတ်လ ၂၃ ရက်၊ နံနက် (၀၉:၃၀) နာရီ၌ ကူမင်းမြို့ရှိ ယူနန်ပြည်နယ် အမှတ်(၁) ရုပ်မြင်သံကြားနှင့် အသံလွှင့်ဌာန၊ ခန်းမကြီးတွင် ကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်နှင့် ကူမင်းမြို့အခြေစိုက် LMC နိုင်ငံများမှ ကောင်စစ်ဝန်ချုပ်များ၊ ယူနန်ပြည်နယ်ရှိ သက်ဆိုင်ရာဌာနများမှ အရာရှိကြီများ၊ ဖိတ်ကြားထားသည့် LMC နိုင်ငံများရှိ တက္ကသိုလ်များမှ ကျောင်းအုပ်ကြီးများ၊ ဒုတိယကျောင်းအုပ်ကြီးများ၊ ယူနန်ပြည်နယ်ရှိ တက္ကသိုလ်များမှ ကျောင်းအုပ်ကြီးများ၊ ကျောင်းသားကျောင်းသူများနှင့် အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အစီအစဉ်အရ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ၊ နိုင်ငံခြားရေးရုံးမှ ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ Ms.Yang Mu မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Liang Jianjun မှ video clip ဖြင့် အဖွင့်အမှာစကားများ ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာကောင်စစ်ဝန်ချုပ်မှ LMC နိုင်ငံများ၏ အလှည့်ကျ ပူးတွဲဥက္ကဋ္ဌ တာဝန်ယူထားသော မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ ယင်းနောက် တက်ရောက်လာကြသော LMC နိုင်ငံများမှ တက္ကသိုလ်ကျောင်းအုပ်ကြီးများမှ အမှာစကားများ ပြောကြားခဲ့ကြပြီး၊ အကအလှများဖြင့် တင်ဆက်ကပြခဲ့ကြကာ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။