ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ၂၀၂၆ ခုနှစ် ပြည်ပနိုင်ငံများမှမီဒီယာများ ပေါင်စန်းမြို့လေ့လာရေးခရီးစဉ် ဖွင့်ပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ခြင်း

(၂၉-၇-၂၀၂၆၊ ကူမင်း)

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်း သည် ယူနန်ပြည်နယ်၊ ပေါင်စန်းမြို့ရှိ Yongchang ခန်းမ၌ ၂၇-၇-၂၀၂၆ ရက်တွင် ကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ် ပြည်ပနိုင်ငံများမှမီဒီယာများ ပေါင်စန်းမြို့လေ့လာရေးခရီးစဉ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

​အဆိုပါအခမ်းအနားကို ယူနန်ပြည်နယ်၊ ပေါင်စန်းမြို့ ပြည်သူ့အစိုးရ၏ ပြန်ကြားရေးရုံးက “The World in One Frame. A Wonderful Encounter with Baoshan” ခေါင်းစဉ်ဖြင့် ကြီးမှူးကျင်းပဲ့ခြင်းဖြစ်ပြီး ပေါင်စန်းမြို့၏ ပွင့်လင်းမြင်သာမှုနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၊ အထူးကော်ဖီလုပ်ငန်းဖွံ့ဖြိုး တိုးတက်မှု၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်စောင့်ရှောက်ခြင်းနှင့် လက်ဆင့်ကမ်း သယ်ဆောင်ခြင်း၊ ကျေးလက်ဒေသ ပြန်လည်ရှင်သန်လာခြင်းကဲ့သို့သော နယ်ပယ်များတွင် နယ်စပ်မြို့၏ လက်တွေ့အောင်မြင်မှုများကို လေ့လာနိုင်ရန် ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ် နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ သတင်းထောက်မီဒီယာကိုယ်စားလှယ်များ လေ့လာရေးခရီးစဉ်တွင် ပါဝင်ခဲ့ကြပါသည်။

​အဆိုပါအခမ်းအနားသို့ ပေါင်စန်းမြို့ပါတီကော်မတီ အမြဲတမ်းကော်မတီဝင်နှင့် ပေါင်စန်းမြို့ ပြည်သူ့အစိုးရ ဒုတိယမြို့တော်ဝန် Mr. Zhang Gaxing၊ ပေါင်စန်းမြို့ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး အကြီးအကဲ Mr. Zhao Jihui နှင့် မြန်မာနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ မီဒီယာကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။