မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းသည် ယူနန်ပြည်နယ် ပြည်သူ့အစိုးရ၊ နိုင်ငံခြားရေးရုံးမှ ညွှန်ကြားရေးမှူးချုပ် မစ္စတာ ရန်ရှောက်ချန် နှင့် ၈-၅-၂၀၂၆ ရက်၊ နံနက်ပိုင်းတွင် ယူနန်ပြည်နယ်ပြည်သူ့အစိုးရ၊ နိုင်ငံခြားရေးရုံး၏ ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ရေးနှင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တို့အကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုပိုမိုတိုးမြှင့်ရေး၊ ယဉ်ကျေးမှုနှင့် နှစ်နိုင်ငံပြည်သူများအကြား ထိတွေ့ဆက်ဆံမှု ပိုမိုတိုးမြှင့်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ၊ နိုင်ငံခြား ရေးရုံး ညွှန်ကြားရေးမှူးချုပ်ကို တွေ့ဆုံဆွေးနွေး(၈-၅-၂၀၂၆ ၊ ကူမင်း)

