ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် တရုတ်-လာအို သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၆၅) နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် တရုတ်-လာအို ချစ်ကြည်ရေးနှစ် အခမ်းအနားသို့ ပါဝင် တက်ရောက်

( ၂၄-၄-၂၀၂၆ ရက်၊ ကူမင်း)

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းသည် ကူမင်းမြို့၊ ကောင်စစ်ဝန်ချုပ်ရုံးဇုန်ရှိ Circular Lawn ၌ ၂၃-၄-၂၀၂၆ ရက်တွင် ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၊ ယူနန်ပြည်နယ် ပြည်ပချစ်ကြည်ရေးအသင်းနှင့် ကူမင်းမြို့ အခြေစိုက် လာအိုကောင်စစ်ဝန်ချုပ်ရုံးတို့မှ ကျင်းပပြုလုပ်သည့် တရုတ်-လာအို သံတမန် ဆက်ဆံရေးထူထောင်ခြင်း (၆၅) နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် တရုတ်-လာအို ချစ်ကြည်ရေးနှစ် အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ယူနန်ပြည်နယ်၊ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ H.E. Ren Junhao ၊ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E Anouparb Vongnorkeo ၊ ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ၊ နိုင်ငံခြား ရေးရုံးမှ ညွှန်ကြားရေးမှူးချုပ် Mr. Yang Shaocheng ၊ ကူမင်းမြို့အခြေစိုက် လာအိုကောင်စစ် ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Mr. Pongdong Paxaphacdy ၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရမှ တာဝန်ရှိသူများ၊ ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။