ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ (၅၅) နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် အမျိုးသားနေ့ အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ခြင်း

( ၃၁-၃-၂၀၂၆ ရက်၊ ကူမင်းမြို့)

          မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းသည် ကူမင်းမြို့၊ Shining Star Hot Spring ဟိုတယ်၌ ၃၁-၃-၂၀၂၆ ရက်တွင် ကူမင်းမြို့အခြေစိုက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ကျင်းပပြုလုပ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ (၅၅) နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် အမျိုးသားနေ့အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့ ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ ဒုတိယအုပ်ချုပ်ရေးမှူး H.E. Liu Yong၊ ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ၊ နိုင်ငံခြားရေးရုံးမှ ညွှန်ကြားရေးမှူးချုပ် Mr. Yang Shaocheng ၊ ကူမင်းမြို့အခြေစိုက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Mr. Mohammed Khaled ၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရမှ တာဝန်ရှိသူများ၊ ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။