(၂၇-၁-၂၀၂၆ ရက်၊ ကူမင်း)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းသည် ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ဟိုင်ဂန်ခန်းမတွင် ကျင်းပပြုလုပ်သော (၁၄)ကြိမ်မြောက် ယူနန်ပြည်နယ် ပြည်သူ့ ကွန်ဂရက်၏ စတုတ္ထအကြိမ် အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး ဝမ်ယုဘိုက ပြည်နယ် ပြည်သူ့အစိုးရ ကိုယ်စားလုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို တင်သွင်းခဲ့ပါသည်။ အစီအစဉ်အရ ယူနန်ပြည်နယ်၏ ၂၀၂၅ ခုနှစ် အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အကောင်အထည်ဖော်မှု အစီ ရင်ခံစာ၊ ၂၀၂၆ ခုနှစ် အမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းမူကြမ်းတို့ကို တင်ပြခဲ့ ပါသည်။ ယူနန်ပြည်နယ်၏ ၂၀၂၅ ခုနှစ် ဘဏ္ဍာငွေရရှိမှုအပေါ် အကောင်အထည်ဖော်နိုင်မှုအခြေအနေနှင့် ၂၀၂၆ ဘတ်ဂျက်ခွဲဝေရရှိမှုမူကြမ်းကို ပြန်လည်သုံးသပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ အမျိုးသား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ကူမင်းမြို့ အခြေစိုက်ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။


