( ၅-၁၂-၂၀၂၅ ရက်၊ ကူမင်း)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းသည် ကူမင်းမြို့အခြေစိုက် ထိုင်းနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးက ၄-၁၂-၂၀၂၅ ရက်တွင် ကူမင်းမြို့ရှိ Shangri-la Hotel ၌ ကျင်းပသည့် ထိုင်းနိုင်ငံ၏ အမျိုးသားနေ့၊ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက်ဂျ်၏ မွေးနေ့နှင့် Thailand’s Father’s Day အထိမ်းအမတ် ဧည့်ခံပွဲ အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရမှ တာဝန်ရှိသူများ၊ ကူမင်းမြို့အခြေစိုက် ကောက်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
*********************************


