(၂၈-၉-၂၀၂၅ ရက်၊ ကူမင်းမြို့)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းသည် ၂၈-၉-၂၀၂၅ ရက် ညနေပိုင်းတွင် ကူမင်းမြို့ရှိ Green Lake Hotel ၌ ယူနန်ပြည်နယ် ပြည်သူ့အစိုးရက တည်ခင်းဧည့်ခံသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၇၆) နှစ်မြောက် အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ယူနန်ပြည်နယ်ပြည်သူ့အစိုးရ၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ရွှီဟောက် က နှုတ်ခွန်းဆက်စကားပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ယူနန်ပြည်နယ်ပြည်သူ့အစိုးရမှ တာဝန်ရှိသူများ၊ ကူမင်းမြို့ အခြေစိုက် ကောင်စစ်ဝန်ချုပ်များနှင့် သံတမန်များ၊ ယူနန်ပြည်နယ်အခြေစိုက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရှိရပါသည်။
********

