ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ၂၀၂၅ ခုနှစ် တလီ အပြည်ပြည်ဆိုင်ရာ ဆေးဘက်ဆိုင်ရာ စက်မှုထုတ်ကုန်ပစ္စည်းများ ကုန်စည်ပြပွဲနှင့် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံတကာဆေးဘက်ဆိုင်ရာလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုနှင့် ဖလှယ်မှုမြှင့်တင်ရေးညီလာခံသို့ ပါဝင်တက်ရောက်ခဲ့ခြင်း ( ၂၇-၅-၂၀၂၅ ရက်)

( ၂၇-၅-၂၀၂၅ ရက်၊ ကူမင်းမြို့)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းသည် ၂၆-၅-၂၀၂၅ ရက်နှင့် ၂၇-၅-၂၀၂၅ ရက်တို့တွင် တလီမြို့၊ မီသု ကျန်းမာရေး စက်မှုဥယျာဉ်၌ တလီအပြည်ပြည်ဆိုင်ရာ ဆေးဘက်ဆိုင်ရာ စက်မှုထုတ်ကုန်ပစ္စည်းများ ကုန်စည်ပြပွဲ ကျင်းပရေးကော်မတီမှ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ် တလီအပြည်ပြည်ဆိုင်ရာ ဆေးဘက်ဆိုင်ရာ စက်မှုထုတ်ကုန်ပစ္စည်းများ ကုန်စည်ပြပွဲနှင့် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံတကာ ဆေးဘက်ဆိုင်ရာလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုနှင့် ဖလှယ်မှုမြှင့်တင်ရေး ညီလာခံသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
ကောင်စစ်ဝန်ချုပ်သည် အဆိုပါ ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ပြီး ကုန်စည်ပြပွဲ၌ ဖွင့်လှစ်ပြသထားသည့် ဆေးဘက်ဆိုင်ရာ စက်မှုထုတ်ကုန်ပစ္စည်းများကို ကြည့်ရှုလေ့လာခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ တလီပိုင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု၏ ပါတီအတွင်းရေးမှူးနှင့် ခရိုင်ပြည်သူ့အစိုးရ၏ အုပ်ချုပ်ရေးမှူး Mr. Cheng Zhenyong၊ ကမ္ဘော ဒီယားနိုင်ငံ၊ လာအိုနိုင်ငံတို့မှ ကျန်းမာရေးဝန်ကြီးဌာန ကိုယ်စားလှယ်များ၊ ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။