(၁၂-၅-၂၀၂၅၊ နယူးဒေလီ)
ကုသိနာရုံမြန်မာကျောင်းတိုက်ကြီး၏ အဓိပတိ ပဓာန နာယက ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ၊ အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဆရာတော်ဘုရားကြီး၏ စီစဉ်ကျင်းပမှုဖြင့် ကုသိ နာရုံမြန်မာကျောင်းတိုက်ကြီးတွင် ကျင်းပသည့်ကဆုန်လပြည့် ဗုဒ္ဓနေ့ အခမ်းအနားကို ၁၂-၅-၂၀၂၅ ရက်နေ့တွင် ကုသိနာရုံရှိ မြန်မာကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ အဆိုပါ အခမ်းအနားသို့ ဥတ္တာပရာဒေ့ရှ်ပြည်နယ်ရှိတာဝန်ရှိသူများနှင့်အတူ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးတက်ရောက်ခဲ့ပါသည်။ အခမ်းအနား မစတင်မီ ဆရာတော်မှ ဩဝါဒကထာ ချီးမြှင့်ပြီး ကိုးပါးသီလ ခံယူ ဆောက်တည်ကြကာ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ရေချမ်း၊ဆီမီးတို့ ကပ်လှူ ပူဇော်ခဲ့ ကြပါသည်။ ကုသိနာရုံရှိ ဘုရားပရဝုဏ်ရှိ ဗောဓိညောင်ပင်၌ ညောင်ရေသွန်းလောင်း ခဲ့ပြီး မြန်မာသံအမတ်ကြီးမှ ဗုဒ္ဓနေ့အခမ်းအနားအား ပူဇော်ခြင်းနှင့် ပတ်သက်၍ လျှောက်ထားခဲ့ပါသည်။ အဆိုပါအခမ်းအနားများသို့ ဥတ္တာပရာဒေ့ရှ်ပြည်နယ် ခရီးသွားလာမှုနှင့် ယဉ်ကျေး မှု ဝန်ကြီးဌာနမှအရာရှိကြီးများနှင့် ဖိတ်ကြားထားသော ဆရာတော်၊သံဃာတော်များ၊ ဗုဒ္ဓဘာသာအသင်းအဖွဲ့များနှင့် ဧည့်သည်တော်များ စုစုပေါင်း ၂၈၀ ဦးခန့် ပါဝင် တက်ရောက်ခဲ့ကြ ကြောင်းသိရှိရပါသည်။

