ကိုရီးယား-အာဆီယံယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဆွေးနွေးပွဲသို့ မြန်မာကိုယ်စားလှယ် အဖွဲ့ပါဝင်တက်ရောက်(၁၂-၅-၂၀၂၆၊ ဆိုးလ်)

၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ Jeongdong 1928 Art Centre ၌ Korean Foundation မှ ကြီးမှူးကျင်းပသော “Korea-ASEAN Cultural Cooperation Roundtable” သို့ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံမှူး ဒေါ်နော်ဥမ္မာခိုင်နှင့် သံအရာရှိ ဆုရတနာဦး တို့ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲကို “Digital Transformation and AI in Cultural Exchange: Current Landscape and Future Direction” နှင့် “Strengthening Korea-ASEAN Cultural Exchange Partnerships” ခေါင်းစဉ်တို့ဖြင့် ကျင်းပခဲ့ ပြီး ပထမပိုင်းတွင် ကိုရီးယားနိုင်ငံမှ ဘာသာရပ်ကျွမ်းကျင်သူများကလည်းကောင်း၊ ဒုတိယပိုင်း တွင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့မှ အမျိုးသားပြတိုက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် များကလည်းကောင်း ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ဆိုးလ်အခြေစိုက် အာဆီယံသံရုံးများမှ ကိုယ်စားလှယ်များနှင့် ကိုရီးယားနိုင်ငံမှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲသည် အာဆီယံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့ကြား ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်နှင့် ရေရှည်တည်တံ့သော မိတ်ဖက်ဆက်ဆံရေးများ ခိုင်မာစေရန် ဆက်လက်ကြိုးပမ်းမှုများကို ထင်ဟပ်ပြသခဲ့ပြီး တက်ရောက်လာသူများကလည်း ကိုရီးယားသမ္မတနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ယဉ်ကျေးမှုကဏ္ဍဆိုင်ရာ ဆက်ဆံမှုပိုမိုတိုးတက်စေမည့် အလားအလာများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။