(၁-၁၁-၂၀၂၅ ရက်၊ ဆိုးလ်)
ကိုရီးယားသမ္မတနိုင်ငံ၏ (၈၀) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ရေးကင်းမဲ့ဇုန် (Demilitarized Zone- DMZ) တွင် “(၆) ကြိမ်မြောက် စစ်ရေးကင်းမဲ့ဇုန် ငြိမ်း ချမ်းရေးလမ်းလျှောက်ပွဲ” (6th DMZ Open Peace Walk) အစီအစဉ်အား Gyeonggi ပြည်နယ်၊ Paju မြို့ရှိ Imjingak မြစ်ဘေး၌ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင် နှင့် သံရုံးဝန်ထမ်းမိသားစုများ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။
အခမ်းအနားသို့ Gyeonggi ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ဆိုးလ်မြို့အခြေစိုက် သံတမန်များ နှင့် မိသားစုများ၊ အမျိုးသားလွှတ်တော်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလွှတ်တော်များမှ ကိုယ်စား လှယ်များ၊ မြို့တော်ဝန်နှင့် အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များနှင့် အခြားဖိတ်ကြားထား သူများ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။
အစီအစဉ်အရ သတ်မှတ်နေရာတွင် စုဝေးရောက်ရှိကာ ငြိမ်းချမ်းရေးအမှတ်တရစကား များ ရေးသားဂုဏ်ပြုပြီး Imjingak မြစ်ဘေးတစ်လျှောက် Ecological Trail အတိုင်း ငြိမ်းချမ်းရေး လမ်းလျှောက်ခြင်း အစီအစဉ်ကို ဆင်နွှဲခဲ့ကြကြောင်း သိရှိရပါသည်။
ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး “2025 DMZ Opean Peace Walk” အစီအစဉ်တွင် ပါဝင်ဆင်နွှဲ

