ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး “2022 EPS Conference” သို့ တက်ရောက်(၃၁-၈-၂၀၂၂ ရက်)

(၃၁-၈-၂၀၂၂ ရက်၊ ဆိုးလ်)

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ကိုရီးယားနိုင်ငံ၊ Gyeongnam ပြည်နယ်၊ Changwon မြို့၌ (၂၉-၈-၂၀၂၂) ရက်နေ့မှ (၃၀-၈-၂၀၂၂) ရက်နေ့အထိ ကျင်းပပြုလုပ်သည့် “2022 EPS Conference” သို့ ကိုရီးယားနိုင်ငံသို့ Employment Permit System – EPS စနစ်ဖြင့် တရားဝင် အလုပ်သမား စေလွှတ်လျက်ရှိ သည့် အခြား (၁၅) နိုင်ငံမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့်အတူ            တက်ရောက် ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် အိမ်ရှင်ကိုရီးယားနိုင်ငံ၊ အလုပ်အကိုင်နှင့် အလုပ်သမားရေးရာဝန်ကြီးဌာန အောက်ရှိ HRD-Korea ၏ ဥက္ကဋ္ဌ Mr. Soobong Uh က မိန့်ခွန်းပြောကြားခဲ့ပြီး ကိုရီးယားနိုင်ငံအနေဖြင့် EPS စနစ်ဖြင့် နိုင်ငံပေါင်း (၁၆) နိုင်ငံမှ တရားဝင်အလုပ်သမားများအား ခေါ်ယူ၍ အလုပ်အကိုင်များ တိုးမြှင့်ဖန်တီးပေးနေမှု၊ အလုပ်သမားများ လုပ်ငန်းခွင်အန္တရာယ် ကာကွယ်ရေးကဏ္ဍတွင် အလုပ်ရှင်၊ အလုပ်သမားများအား အသိပညာပေးမှု တိုးမြှင့် ဆောင်ရွက်နေမှု၊ ကျွမ်းကျင်အလုပ်သမားများ ပိုမိုလိုအပ်နေမှုနှင့် ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသည့် ပြည်ပအလုပ်သမားများအနေဖြင့် ကိုရီးယားနိုင်ငံ၏ ဘာသာစကား၊ ယဉ်ကျေးမှုစသည့် တက်ကျွမ်းသိရှိရမည့် အခြေအနေများကို အလေးပေးသင်ကြားကြရန်နှင့် ကြုံတွေ့နေရသည့် အခက်အခဲများ ရှိပါက အလုပ်ရှင်များနှင့် တတ်နိုင်သမျှ ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း စသည်ဖြင့် ထည့်သွင်းပြောကြားသွားပါသည်။