(၁-၇-၂၀၂၂ ရက်၊ ဆိုးလ်)
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့၌ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ The Shilla Hotel တွင် နံနက် (၉:၀၀) နာရီမှ ညနေ (၁၈:၃၀) နာရီအထိ ကျင်းပပြုလုပ်ခဲ့သည့် (၂၆)ကြိမ်မြောက် အာဆီယံ-ကိုရီးယား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (26th ASEAN-ROK Dialogue) သို့ မြန်မာအဆင့်မြင့်အရာရှိကြီးကိုယ်စား ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးအား ကိုရီးယားသမ္မတနိုင်ငံမှ အဆင့်မြင့်အရာရှိကြီး ဒုတိယနိုင်ငံခြားရေးဝန်ကြီး H.E. Yeo Seung-bae နှင့် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူးဖြစ်သည့် ဗီယက်နမ်နိုင်ငံမှ အဆင့်မြင့်အရာရှိကြီး H.E. Mr. Vu Ho တို့မှ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်ကိုယ်စားလှယ်ကြီးများ၊ ကိုယ်စားလှယ်များနှင့် အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။



