(၂၁-၂-၂၀၂၃ ရက်၊ ဆိုးလ်)
မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံအမတ်ကြီး ဦးသန့်စင်သည် ၂၁-၂-၂၀၂၃ ရက်၊ (၁၄:၃၀) နာရီတွင် ဆိုးလ်မြို့ရှိ Korea Press Center ၌ ပြုလုပ်သည့် ကိုရီးယားသမ္မတနိုင်ငံရှိ Korea Ambassador Culture and Friendship Association နှင့် NDNnews/Seoul City တို့မှ ပေးအပ်သည့် 2023 Best Ambassador Award ကို လက်ခံရယူခဲ့ပါသည်။ ယင်းဆုကို ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ယင်းအဖွဲ့အစည်းဥက္ကဋ္ဌ Mr. Shin Hyun Doo က မြန်မာသံအမတ်ကြီးသည် ကိုရီးယားယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ခြင်း၊ ကုန်သွယ်ရေး၊ စီးပွားရေးလုပ်ငန်း အမျိုးမျိုး၊ ပညာရေး၊ K-pop Culture အစရှိသည့် နယ်ပယ်များတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက် ခဲ့ခြင်းနှင့် မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်စွာ ထိန်းသိမ်း နိုင်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ရန် ကဏ္ဍစုံတွင် တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့မှုအပေါ် အသိအမှတ်ပြုသည့်အနေဖြင့် ပေးအပ်ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
Korea Ambassador and Friendship Association မှ ချီးမြှင့်သော “2023 Best Ambassador Award” ကို မြန်မာသံအမတ်ကြီးအပြင် ဆလိုဗက်၊ အိုမန်နှင့် ဆီယာရာလီယွန်နိုင်ငံတို့မှ သံအမတ်ကြီးများ ကလည်း ၎င်းတို့၏ တက်ကြွစွာဆောင်ရွက်ခဲ့သည့် ကြိုးပမ်းဆောင်ရွက်မှုများကြော င့် ဆုများ အသီးသီး ရရှိခဲ့ကြကြောင်း သိရှိရပါသည်။






