(၉-၁၁-၂၀၂၂ ရက်၊ ဆိုးလ်)
ကိုရီးယားသမ္မတနိုင်ငံရှိ အာဆီယံ-ကိုရီးယားဗဟိုဌာန (ASEAN-Korea Centre -AKC) နှင့် ဆိုးလ်မြို့ရှိ အာဆီယံအဖွဲ့ဝင်သံရုံးများပူးပေါင်း၍ ASEAN WEEK 2022 (Treasures of ASEAN Fabric) ပြပွဲကို (၉-၁၁-၂၀၂၂) ရက်နေ့တွင် ဆိုးလ်မြို့ရှိ Society ယဉ်ကျေးမှု အနုပညာပြခန်းကို ဖွင့်လှစ်ခင်းကျင်းပြသခဲ့ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် ပါဝင်တက်ရောက်ခဲ့ပါသည်။
ASEAN WEEK 2022 ပြပွဲအား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်မှ (၁၃) ရက်နေ့အထိ ဖွင့်လှစ်ပြသသွားမည်ဖြစ်ပြီး၊ အဆိုပါ ပြပွဲတွင် အာဆီယံနိုင်ငံအလိုက် မိမိတို့ နိုင်ငံထွက် ပိုးထည်များကို ပါဝင်ပြသကြရာ၊ မြန်မာနိုင်ငံမှလည်း အင်းလေးဒေသထွက် ကြာပိုးချည်ထည်နှင့် ထုတ်လုပ်ပုံအဆင့်ဆင့်တို့ကို ပါဝင်ပြသခဲ့ပါသည်။ အဆိုပါ ASEAN WEEK 2022 ပြပွဲအား အာဆီယံနိုင်ငံများ၏ ဒေသအလိုက် ယဉ်ကျေးမှုအနုပညာလက်ရာများကို စိတ်ပါဝင်စားကြသည့် ကိုရီးယားပြည်သူ လူငယ်အများအပြား လာရောက်ကြည့်ရှုလျက်ရှိပါကြောင်း သိရှိရပါသည်။







