ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဆိုးလ်မြို့၌ ကျင်းပလျက်ရှိသည့် Seoul Food Week 2022 ရှိမြန်မာပြခန်းသို့ သွားရောက်ကြည့်ရှုအားပေး(၂-၁၁-၂၀၂၂ ရက်)

(၂-၁၁-၂၀၂၂ ရက်၊ ဆိုးလ်)

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးသန့်စင်သည် ဆိုးလ်မြို့ရှိ COEX Convention Center တွင် ၂-၁၁-၂၀၂၂ ရက်၌ ကျင်းပသော “Seoul Food Week 2022” တွင် ပါဝင်ပြသလျက်ရှိသည့် မြန်မာနိုင်ငံပြခန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။

Seoul Food Week 2022 စားသောက်ကုန် ကုန်စည်ပြပွဲအား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်မှ (၅) ရက်အထိကျင်းပသွားမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံကိုယ်စားပြုပြခန်းတွင် ပါဝင်ပြသရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သောစားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းရှင်အဖွဲ့ (၁၂) ဦးတို့မှ ပါဝင်ပြသလျက်ရှိပါသည်။

အဆိုပါ ပြပွဲတွင် မြန်မာ့စားသောက်ကုန်ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီ (၁၀) ခုတို့မှ ၎င်းတို့၏ စားသောက်ကုန်များအားခင်းကျင်းပြသလျက်ရှိပြီး၊ စိတ်ပါဝင်စားသည့် ကိုရီးယားပြည်သူအများအပြားလာရောက်ကြည့်ရှုလျက်ရှိပါကြောင်းနှင့် ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်များနှင့်လည်းအပြန်အလှန်အကျိုးတူမိတ်ဆက်ဆွေးနွေးမှုများပြုလုပ်လျက်ရှိပါကြောင်းသိရှိရပါသည်။