ကမ္ဘောဒီးယားနိုင်ငံ၊ အွန်လိုင်းငွေကြေးလိမ်လည်မှုတိုက်ဖျက်ရေးကော်မရှင်အတွင်းရေးမှူးရုံး အကြီးအကဲနှင့် ဝါရင့်ဝန်ကြီး H.E Chhay Sinarith အား မြန်မာသံအမတ်ကြီး သွားရောက်တွေ့ဆုံ (၂၁-၈-၂၀၂၅ ရက်)

(၂၁-၈-၂၀၂၅ ရက်၊ဖနောင်ပင်)

 ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းသည် ကမ္ဘောဒီးယားနိုင်ငံ၊ အွန်လိုင်းငွေကြေးလိမ်လည်မှု တိုက်ဖျက်ရေးကော်မရှင်အတွင်းရေးမှူးရုံး အကြီးအကဲနှင့် ဝါရင့်ဝန်ကြီး H.E Mr. Chhay Sinarith အား ၂၁-၈-၂၀၂၅ ရက်၊ နံနက် ၈ နာရီအချိန်တွင် အတွင်းရေးမှူး၏ ရုံးခန်း၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာ–ကမ္ဘောဒီးယားနှစ်နိုင်ငံ အွန်လိုင်းငွေကြေးလိမ်လည်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်၊ သတင်းအချက်အလက်များ မျှဝေရန် နှင့် လက်ရှိပူးပေါင်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။