(၂၅-၆-၂၀၂၅ ရက်၊ ဖနောင်ပင်)
ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်စိုးမင်းသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက် နံနက် (၀၉၀၀)အချိန်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ အာဆီယံအဆင့်မြင့်အရာရှိကြီး H.E. Dr. Kung Phoak အား အဆိုပါဝန်ကြီးဌာနတွင် သွားရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရေးနှင့် အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရေး အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
******************


