(၁၁ မတ် ၂၀၂၆ ရက်၊ ဘာလင်)
“ကမ္ဘာ့အကြီးဆုံး ခရီးသွားလုပ်ငန်းပြပွဲ (ITB Berlin 2026)” ၏ ဖွင့်ပွဲ အထိမ်းအမှတ် ညစာစားပွဲကို ၂-၃-၂၀၂၆ ရက်က Messe Berlin ၌ ပြုလုပ်ခဲ့ရာ၊ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးဟန်သိန်းကျော် ပါဝင်တက်ရောက်ခဲ့ပါသည်။ ITB Berlin ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်မှ ၅ ရက်အထိ (၃) ရက်ကြာ ဘာလင်မြို့၌ ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲ အခမ်းအနား၌ ဂျာမနီနှင့် အင်ဂိုလာနိုင်ငံတို့မှ ဝန်ကြီးအဆင့်ပုဂ္ဂိုလ်များက မိန့်ခွန်းများ ပါဝင်ပြောကြားခဲ့ကြပါသည်။ အင်ဂိုလာနိုင်ငံသည် ယခုနှစ် ITB Berlin ၏ မိတ်ဖက် အိမ်ရှင်နိုင်ငံအဖြစ် တာဝန်ယူခဲ့ပြီး၊ အခမ်းအနားသို့ နိုင်ငံပေါင်း (၁၆၀) ကျော်မှ ကိုယ်စားပြု ပါဝင်ခဲ့ပါသည်။
အလားတူ မြန်မာသံရုံးယာယီတာဝန်ခံသည် ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်က ပြုလုပ်ခဲ့သည့် “ဘာလင်စီးပွားရေးဖိုရမ်” သို့ တက်ရောက်ခဲ့ပြီး၊ “မြန်မာ-ဂျာမနီ ဆက်ဆံရေး – နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေးနှင့် အာဆီယံ-အီးယူ မိတ်ဖက် မူဘောင်အတွင်း ဒေသတွင်းမိတ်ဖက်ပြုမှု တိုးချဲ့ခြင်း” ခေါင်းစဉ်ဖြင့် မိန့်ခွန်းတစ်ရပ် ပါဝင်ပြောကြားခဲ့ပါသည်။ ဘာလင်စီးပွားရေးဖိုရမ်၌ ITB Berlin သို့ ပါဝင်တက်ရောက်ခဲ့သည့် အာရှ၊ အာဖရိက၊ လက်တင်အမေရိကမှ ဝန်ကြီးအဆင့်ပုဂ္ဂိုလ်များနှင့် ဘာလင်မြို့အခြေစိုက် သံအမတ်ကြီးများလည်း ပါဝင်တက်ရောက် မိန့်ခွန်းပြောကြားခဲ့ကြပါသည်။




