(၅-၁၂-၂၀၂၅ ရက်၊ အော်တာဝါ)
ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် ကနေဒါနိုင်ငံဆိုင်ရာ ဘရူနိုင်းနိုင်ငံသံအမတ်ကြီး H.E Ms. Ang Lay Ling အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက် (သောကြာနေ့)၊ (၁၃:၀၀) နာရီတွင် အော်တာဝါမြို့ရှိ မြန်မာသံရုံး၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံသံအမတ်ကြီးများသည် မြန်မာနိုင်ငံနှင့် ဘရူနိုင်းနိုင်ငံ တို့အကြား သံတမန်ဆက်ဆံရေးနှင့် ပြည်သူအချင်းချင်း ဆက်သွယ်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေ ရေး၊ အိမ်ရှင် ကနေဒါနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးအခွင့်အလမ်းများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း၊ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးက မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် လွတ်လပ်၍ တရား မျှတသော ပါတီစုံဒီမိုကရေစီစနစ် အကောင်အထည်ဖော်နိုင်ရေးအတွက် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေမှုများနှင့် စပ်လျဉ်း၍ အသိပေးပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။
**********************

