ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီးသည် ကနေဒါနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနှင့် တရုတ်သံအမတ်ကြီးတို့အား သွားရောက်တွေ့ဆုံနှုတ်ဆက်

(၅-၁၂-၂၀၂၅ ရက်၊ အော်တာဝါ)

ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် ကနေဒါနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E Mr. Dinesh K Patnaik အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက် (ကြာသပတေးနေ့)၊ (၁၀:၄၅) နာရီတွင် အော်တာဝါမြို့ရှိ အိန္ဒိယသံရုံးသို့ သွား ရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံသံအမတ်ကြီးများသည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ရေရှည်တည်တံ့ခိုင်မြဲသော အိမ်နီးချင်းကောင်းဆက်ဆံရေးနှင့် ပြည်သူများ အကြား ပညာရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်များမှတစ်ဆင့် ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင် ရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် နည်းပညာကဏ္ဍများအပါအဝင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ 

ဆက်လက်၍ ယင်းနေ့ (၁၁၃၀) နာရီတွင် မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် အော်တာဝါမြို့ရှိ တရုတ်သံရုံး၌ ကနေဒါနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E Mr. Wang Di အား သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ ထို့သို့ တွေ့ဆုံစဉ် တရုတ်သံအမတ်ကြီး က ၎င်းတာဝန်ထမ်းဆောင်စဉ်အတွင်း အတွေ့အကြုံများကို မျှဝေခဲ့ပြီး နှစ်နိုင်ငံသံအမတ်ကြီးများ သည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်း မဟာမိတ်ဆက်ဆံ ရေးကို အစဉ်အမြဲထိန်းသိမ်းရေး၊ နှစ်နိုင်ငံအကြား အခြေခံအဆောက်အအုံများ တည်ဆောက်ရေး၊ စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ နယ်စပ် မူးယစ်ဆေးဝါးတရားမဝင်သယ်ဆောင်မှု၊ လူကုန်ကူးမှုနှင့် အွန်လိုင်းလိမ်လည်မှု ပြဿနာရပ်များ အား ပပျောက်အောင်နှိမ်နင်းနိုင်ရေးအတွက် နှစ်နိုင်ငံအစိုးရများအကြား ပူးပေါင်းဆောင်ရွက်နေမှု များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးပြောကြားခဲ့ကြောင်း၊ ထို့နောက် မြန်မာသံရုံးယာယီ တာဝန်ခံ /သံအမတ်ကြီး ဦးဇော်ထွန်းဦး သည် မြန်မာနိုင်ငံ၏လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေ များနှင့် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေမှုများနှင့်ပတ်သက်၍ အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။