ကင်ဘာရာမြို့၊ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံက ဩစတြေးလျနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

(၁၉-၉-၂၀၂၅ ရက်၊ ကင်ဘာရာ)

ကင်ဘာရာမြို့၊ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံဒေါ်မြတ်သူဇာသန်းသည် ဩစတြေးလျ နိုင်ငံ၌ တာဝန်ထမ်းဆောင်ရန် အသစ်ရောက်ရှိလာသည့် ဩစတြေးလျနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး H.E. Mr. Mikhail Petrakov အား ၁၉-၉-၂၀၂၅ ရက်၊ သောကြာနေ့၊ မွန်းလွဲ ၃:၀၀ နာရီ အချိန်တွင် မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

နှစ်ဖက်တွေ့ဆုံခဲ့ရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို မြှင့်တင်ရေးနှင့် ကင်ဘာရာမြို့ရှိ မြန်မာသံရုံးနှင့် ရုရှားသံရုံးတို့အကြား အပြန်အလှန် နားလည်မှုနှင့်အားပေးထောက်ခံမှုတို့ဖြင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြပါသည်။