ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီအစည်းအဝေးသို့ မြန်မာသံရုံးယာယီတာဝန်ခံမှ တက်ရောက်(၂၀-၃-၂၀၂၃ ရက်)

(၂၀-၃-၂၀၂၃ ရက်၊ ကင်ဘာရာ)

၂၀၂၃ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာ ကော်မတီ (ASEAN Committee in Canberra-ACC) အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားသံရုံးမှ ဦးစီး၍ အာဆီယံ-ကင်ဘာရာကော်မတီနှင့် Australia-ASEAN Business Forum & Gala Dinner ၏ Organizing Chairman အဖြစ် တာဝန်ယူဆောင်ရွက်မည့် Mr. Francis Wong တို့အကြား တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးသို့ ဩစတြေးလျနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဦးသက်ထွန်း ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေး၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဩစတြေးလျနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများကို ချိတ်ဆက်ဆောင်ရွက်နိုင်စေရေး အထူးသဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ ဩစတြေးလျနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်သွားနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။