(၃၀-၁-၂၀၂၆ ရက်၊ ကင်ဘာရာ)
ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ (ASEAN Committee in Canberra-ACC) အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဗီယက်နမ်သံရုံးက အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများအစည်းအဝေး (၁/၂၀၂၆) ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက် ဒေသစံတော်ချိန် နံနက် ၁၁:၀၀ နာရီတွင် ကင်ဘာရာမြို့ရှိ Commonwealth Club ကျင်းပခဲ့ရာ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်း ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေး၌ ဩစတြေးလျနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး H.E. Mr. Pham Hung Tam က အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ၈-၁၂-၂၀၂၅ ရက်တွင် ကျင်းပခဲ့သည့် အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများအစည်းအဝေး (၄/၂၀၂၅) ၏ အစည်းအဝေးမှတ်တမ်းကို အတည်ပြုခြင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ အာဆီယံ-ကင်ဘာရာ ကော်မတီမှ ဆောင်ရွက်သွားမည့် အဆိုပြုလုပ်ငန်းအစီအစဉ်များအပေါ် ညှိနှိုင်း ဆွေးနွေး ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

