(၁၆-၁၂-၂၀၂၂ ရက်၊ ကင်ဘာရာ)
ဩစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့ရှိ Commonwealth Club ၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်က ကျင်းပခဲ့သော အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားသံရုံးက ကြီးမှူးကျင်းပသည့် အာဆီယံ-ကင်ဘာရာ ကော်မတီ အစည်းအဝေးနှင့် အင်ဒိုနီးရှားသံရုံးသို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းသည့် အစည်းအဝေးတို့သို့ ကင်ဘာရာမြို့ အခြေစိုက် အာဆီယံသံရုံးအကြီးအကဲများနှင့်အတူ မြန်မာသံရုံးယာယီတာဝန်ခံ ဦးသက်ထွန်း ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင် သံရုံးများနှင့် ဩစတြေးလျနိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန အပါအဝင် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သည့် ကိစ္စရပ်များ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးအပြီးတွင် အာဆီယံသံရုံးအကြီးအကဲများ၊ ကင်ဘာရာမြို့ အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ လုပ်ငန်းအဖွဲ့တို့မှ သံရုံးဝန်ထမ်းများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။





