ပြည်ပသို့ သွားရောက်မည့် မြန်မာခရီးသွားများအတွက် သတိပေးချက်

ယခုအခါ မြန်မာနိုင်ငံသားများသည် နိုင်ငံရပ်ခြားဒေသများသို့ အလည် အပတ်ခရီး၊ ဘုရားဖူးခရီး အစရှိသည့် ပြည်ပခရီး သွားရောက်မှုများ ပိုမိုများပြားလျက်ရှိကြပြီး၊ ခရီးသွားအုပ်စုများအတွင်း ခါးပိုက်နှိုက်ခံရခြင်း၊ မြန်မာနိုင်ငံကူး လက်မှတ်ပျောက်ဆုံးခြင်းများ ကြုံရလေ့ရှိပါသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံကူးလက်မှတ်ပျောက်ဆုံးခဲ့ပါက မြန်မာနိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံသားများ (ခရီးသွားများ/ သင်တန်းသားများ/ တာဝန်ဖြင့်သွားရောက်သူများ) အနေဖြင့် မြန်မာသံရုံးသို့ ဆက်သွယ် ဆောင်ရွက်ရာတွင် မိုမိုလွယ်ကူမြန်ဆန်စေရန်အတွက် အောက်ပါ အချက်အလက် များကို သိရှိထားရန် လိုအပ်မည်ဖြစ်ပါသည်-

(က)   မြန်မာနိုင်ငံကူးလက်မှတ်မိတ္တူကူးထား၍ သီးသန့်သိမ်းထားရန် လို အပ်ပါသည်။ ဖြစ်နိုင်ပါက မိမိ၏မြန်မာနိုင်ငံကူးလက်မှတ်ကို အီလက် ထရောနစ်မိတ္တူ (Soft Copy) အနေဖြင့် မိမိ၏ email (သို့မဟုတ်) အခြားလုံခြုစိတ်ချရသည့် အွန်လိုင်းတွင် ထိန်းသိမ်းထားနိုင်မည့် ဝက်ဘ်ဆိုက် များ (ဥပမာ – Google Drive) တွင် ထိန်းသိမ်းထားပါက ပိုမိုအဆင်ပြေ စေမည်ဖြစ်ပါသည်။ ပျောက်ဆုံးကြောင်း လာရောက်တိုင်ကြားလျှင် မြန်မာနိုင်ငံကူးလက်မှတ်အမှတ်၊ ထုတ်ပေးသည့်နေ့စွဲများလည်း လိုအပ် ပါသည်။

(ခ)    ခါးပိုက်နှိုက်ခံရကြောင်း (သို့မဟုတ်) ပျောက်ဆုံးကြောင်းကို ပျောက်ဆုံးသည့်နေရာရှိ ရဲစခန်းသို့ တိုင်ကြားထားသည့် တိုင်ကြားစာ လိုအပ်ပါသည်။

(ဂ)    လိုင်စင်ဓာတ်ပုံ (၃)ပုံ လိုအပ်ပါသည်။

ထို့ပြင် ခရီးသွားအေဂျင်စီများအနေဖြင့် ခရီးသွားမည့် နိုင်ငံအလိုက် မြန်မာသံရုံး            လိပ်စာ၊ ဖုန်းနံပါတ်များ ပေးထားသင့်ကြောင်း ဖြင့် အကြံပြုအပ်ပါသည်။ သက်ဆိုင်ရာ နိုင်ငံအလိုက် မြန်မာသံရုံးလိပ်စာများ၊ ဆက်သွယ် ရန် တယ်လီဖုန်းနံပါတ်များကို နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက် www.mofa.gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

မြန်မာသံရုံးအခြေစိုက်ရာ နိုင်ငံများရှိ မြန်မာသံရုံးများအနေဖြင့် အခက်အခဲ ကြုံတွေ့ရသူ မိမိနိုင်ငံသားများဖြစ်သည့် မြန်မာခရီးသွားများ အတွက် ရုံးပိတ်ရက်များတွင်ပင် C of I ပြုလုပ်ပေးခြင်းနှင့် နေထိုင် စားသောက်ရေးတို့ကိုပါ ကူညီ ထောက်ပံ့မှုများပြုလုပ် ပေးလျက်ရှိပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်