On-Arrival Visa Information

Visa On Arrival

Port Of Entry

The visitors are required to enter from the following ports:

  • Yangon International Airport
  • Mandalay International Airport
  • Nay Pyi Taw International Airport

 

Types of Visas, Fees and Duration:

Type of Visas
Duration of Stay
Fees
Business Visa
70 Days
50 USD
Workshop/ Seminar/ Meeting/ Research Visa
28 Days
40 USD
Transit Visa
24 Hours
20 USD
Crew Visa
28 Days
40 USD

Permitted List of Countries

 

Passport holder from the following countries and Taiwan are eligible to apply Visa On Arrival:

 

Australia
Croatia
Indonesia
Malaysia
Russia
Vietnam
Austria
Denmark
Italy
Malta
Switzerland
 Ukraine
Belgium
DPRK
Ireland
Norway
Singapore
 
Brunei
Estonia
Israel
New Zealand
Spain
 
Bulgaria
France
Japan
Netherland
Sweden
 
China
Finland
Korea
Nepal
Slovakia
 
Canada
Germany
Laos
Philippines
Slovenia
 
Cambodia
Greece
Latvia
Poland
Thailand
 
Czech
Hungary
Lithuania
Portugal
USA
 
Cyprus
India
Luxembourg
Romania
UK
 

 

The Required Terms and Conditions for VISA ON ARRIVAL

The applicant shall –

  • Have a valid passport not expiring for at least 6 months from the date of entry into Myanmar.
  • Bring two recent (4cm x 6cm) color photos taken within the past six months.
  • Have the letter of invitation from the sponsoring company in the event of first trip of business study. (Stay cannot be extended.)
  • Be required to produce copies of company registration/business license/ evidence of permission to do business issued by the ministries concerned together with the application if he is working in Myanmar.
  • Fully mention the name of the factory, location, the sponsor and the position he holds if he is doing business with business visa.
  • Apply for extension of visa with the recommendation of the ministries concerned as well as in accordance with the existing procedures if he is doing business with business visa.
  • Produce letter of invitation by the ministries concerned if he is going to attend meetings, workshops, events and ceremonies.
  • Not be allowed to engage in any sort of work with or without charges apart from the professions mentioned in the visa application form.
  • Produce air ticket to the destination if he is applying for transit visa.
  • Stay at the hotels, motels and guest houses holding legal licenses issued by Myanmar Government, and factories and workshops legally permitted as well as human dwellings; and exactly mention the address he will stay at.
  • Make a promise to strictly abide by the existing laws, rules, procedures, orders and directives issued by Myanmar Government.
  • Have under-seven-year-old children accompanying parents in the passport granted visa free of charge; be able to produce the evidence of parent-children relationship if the children are holding separate passport.
  • Not be allowed to travel to the restricted areas without seeking prior permission.
  • Report to the office of the township Immigration and National Registration Department concerned at which he stays within Myanmar mentioning the address of hotels, motels, guest houses, factories and workshops legally permitted as well as human dwellings.
  • Depart to the country which he has traveled from by the arrangement of the airline he is using if he is denied entry.
  • Abide by the decision of the On Arrival Visa Scrutiny and Issuing Team.
  • Apply for Visa On Arrival at Airport Immigration Section obtaining the application form either from the airlines in Myanmar or the following website www.mip.gov.mm of the Ministry of Immigration and Population.

 

ဆိုက်ရောက်ဗီဇာ (Visa On Arrival)

ခွင့်ပြုသည့်လေဆိပ်များ (Port Of Entry)

  • ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (Yangon International Airport)
  • မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် (Mandalay International Airport)
  • နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် (Nay Pyi Taw International Airport)

 

ဗီဇာအမျိုးအစားများ (Type of Visas)

ဗီဇာအမျိုးအစားများ
Type of Visas
နေခွင့်
(Duration of Stay)
ဗီဇာကြေး
Fees
လုပ်ငန်းဗီဇာ (Business Visa)
70 Days
50 USD
အလုပ်ရုံ/ ဆွေးနွေးပွဲ/ အစည်းအဝေး/ သုတေသနဗီဇာ
(Workshop/ Seminar/ Meeting/ Research Visa)
28 Days
40 USD
ဖြတ်သန်းဗီဇာ (Transit Visa)
24 Hours
20 USD
ယာဉ်အမှုထမ်းဗီဇာ (Crew Visa)
28 Days
40 USD

ခွင့်ပြုနိုင်ငံများ (Permitted List of Countries)

 

Passport holder from the following countries and Taiwan are eligible to apply Visa On Arrival:

Australia
Croatia
Indonesia
Malaysia
Russia
Vietnam
Austria
Denmark
Italy
Malta
Switzerland
 Ukraine
Belgium
DPRK
Ireland
Norway
Singapore
 
Brunei
Estonia
Israel
New Zealand
Spain
 
Bulgaria
France
Japan
Netherland
Sweden
 
China
Finland
Korea
Nepal
Slovakia
 
Canada
Germany
Laos
Philippines
Slovenia
 
Cambodia
Greece
Latvia
Poland
Thailand
 
Czech
Hungary
Lithuania
Portugal
USA
 
Cyprus
India
Luxembourg
Romania
UK
 

 

ဆိုက်ရောက်ဗီဇာ (Visa On Arrival) အတွက် လိုက်နာရမည့်စည်းကမ်းများ

  • သက်ဆိုင်ရာနိုင်ငံမှ ထုတ်ပေးထားသည့် တရားဝင်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူဖြစ်ရမည်၊ Passport သက်တမ်းသည် ရောက်ရှိသည့်နေ့၏ နောက်ပိုင်းအနည်းဆုံး (၆)လ သက်တမ်းကျန်ရှိရမည်။
  • လွန်ခဲ့သည့် (၆) လအတွင်းကရိုက်ကူးထားသည့် (၄ စင်တီမီတာx ၆ စင်တီမီတာ) ရှိရောင်စုံဓါတ်ပုံ (၂)ပုံအသင့်ယူဆောင်လာရမည်။
  • လုပ်ငန်းဗီဇာဖြင့် ကနဦးဝင်ရောက်မည့်သူများဖြစ်ပါက လျှောက်လွှာနှင့်အတူတာဝန်ခံခေါ်ဆောင်သူကုမ္ပဏီ၏ ဖိတ်ခေါ်စာပါရှိရမည်။ (ထပ်တိုးနေထိုင်ခွင့်မပြု)
  • မြန်မာနိုင်ငံအတွင်းလုပ်ငန်းလုပ်ကိုင်နေသူဖြစ်ပါက လျှောက်လွှာနှင့်အတူလုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီမှတ်ပုံတင်/ လုပ်ငန်းလိုင်စင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ထုတ်ပေးသောလုပ်ငန်းလုပ်ကိုင်ခွင့်ပြုကြောင်းအထောက်အထားမိတ္တူပူးတွဲတင်ပြ ရမည်။
  • မြန်မာနိုင်ငံအတွင်းလုပ်ငန်းဗီဇာဖြင့် လုပ်ငန်းလုပ်ကိုင်နေသူဖြစ်ပါကအလုပ် လုပ်ကိုင် သည့် စက်ရုံအမည်၊ တည်နေရာ၊ တာဝန်ခံခေါ်ဆောင်သူ၊ လုပ်ကိုင်သည့် ရာထူးစသည် တို့ကိုပြည့်စုံစွာဖေါ်ပြလျှောက်ထားရမည်။
  • မြန်မာနိုင်ငံအတွင်းလုပ်ငန်းဗီဇာဖြင့် လုပ်ငန်းလုပ်ကိုင်နေသူဖြစ်ပါကနေခွင့်သက်တမ်းတိုးမြှင့်လျှောက်ထားလိုလျှင် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ထောက်ခံချက်ဖြင့်တည်ဆဲလုပ်ထုံးလုပ်နည်းနှင့်အညီ လျှောက်ထားနိုင်ပါသည်။
  • ပြည်ဝင်ဗီဇာဖြင့် အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ တွေ့ဆုံပွဲများ၊ အခမ်းအနားတက်ရောက်မည့်သူများဖြစ်ပါကသက်ဆိုင်ရာဝန်ကြီးဌာနများမှ ဖိတ်ကြားစာပူးတွဲတင်ပြရမည်။
  • လျှောက်လွှာတွင်ဖော်ပြထားသောလုပ်ငန်းမှအပအခြားမည်သည့်လုပ်ငန်းကိုမဆိုအခဖြင့် ဖြစ်စေ၊ အခမဲ့ဖြစ်စေလုပ်ကိုင်ခြင်းမပြုရ။
  • ဖြတ်သန်းဗီဇာလျှောက်ထားသူသည် ခရီးလမ်းဆုံးနိုင်ငံသို့ သွားရောက်မည့် လေယာဉ် လက်မှတ် ပူးတွဲတင်ပြရမည်။
  • မြန်မာနိုင်ငံအစိုးရအဖွဲ့မှ တရားဝင်အသိအမှတ်ပြုလိုင်စင်ထုတ်ပေးထားသည့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ၊ တရားဝင်ခွင့်ပြုထားသည့် စက်ရုံအလုပ်ရုံများ၊ နေအိမ် အဆောက်အဦများတွင် နေထိုင်ရမည်။ တည်းခိုမည့် လိပ်စာကိုအတိအကျဖေါ်ပြ ရမည်။
  • မြန်မာနိုင်ငံအစိုးရအဖွဲ့၏ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက် အားလုံးကိုတိကျစွာလိုက်နာမည်ဖြစ်ကြောင်းဝန်ခံကတိပြုရမည်။
  • မိဘ၏ နိုင်ငံကူးလက်မှတ်၌ ပူးတွဲပါရှိသောအသက် (၇) နှစ်အောက် ကလေးများကိုအခမဲ့ ပြည်ဝင်ခွင့်ပြုမည်။ သီးခြားနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူအသက် (၇) နှစ် အောက် ကလေးများခေါ်ဆောင်လာပါကသား/သမီးဖြစ်ကြောင်းအထောက်အထားတင်ပြနိုင်ရမည်။
  • ကန့်သတ်နယ်မြေများသို့ ကြိုတင်ခွင့်ပြုချက်မပါရှိဘဲသွားရောက်ခြင်းမပြုရ။
  • မြန်မာနိုင်ငံအတွင်းရောက်ရှိနေထိုင်စဉ် ညအိပ်ရပ်နားသည့် တည်းခိုရာဟိုတယ်၊ မိုတယ်၊ အင်း၊ တည်းခိုခန်း၊ စက်ရုံအလုပ်ရုံ၊ နေအိမ်၊ ရုံးခန်းလိပ်စာများအားသက်ဆိုင်ရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနသို့ သတင်းပို့ တင်ပြရမည်။
  • ပြည်ဝင်ခွင့်မပြုကြောင်းဆုံးဖြတ်ခံရပါကမူလလိုက်ပါလာသည့် လေကြောင်းလိုင်းအစီအစဉ်ဖြင့် ထွက်ခွါလာသည့် နိုင်ငံသို့ ပြန်လည်ထွက်ခွာရမည်။
  • ပြည်ဝင်ခွင့်ပြုခြင်းကိစ္စနှင့်စပ်လျဉ်း၍ ဆိုက်ရောက်ဗီဇာခွင့်ပြုမှုစိစစ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်ကိုလိုက်နာဆောင်ရွက်ရမည်။
  • ဆိုက်ရောက်ဗီဇာ (Visa On Arrival) လျှောက်လွှာပုံစံကိုလေကြောင်းလိုင်းများတွင် လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၏ Website ဖြစ် သော www.mip.gov.mm မှဤနေရာတွင်လည်းကောင်းထုတ်ယူ၍ ရန်ကုန်လေဆိပ် လူဝင်မှုကြီးကြပ်ရေးဌာနစိတ်တွင် တင်ပြလျှောက်ထားနိုင်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောများဖြင့် ရောက်ရှိလာမည့် ကမ္ဘာလှည့် ခရီးသည်များအတွက် ကြိုတင်ခွင့်ပြုချက် လျှောက်ထားရယူသည့် ဆိုက်ရောက်ဗီဇာ (Pre Arrangement Visa On Arrival)

  • ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ရောက်ရှိလာမည့် ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောများ၏ ခရီးစဉ်ခွင့်ပြုချက်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာခရီးသွားကုမ္ပဏီများသည် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှတစ်ဆင့် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခွင့်ပြုချက် ရယူရမည်။
  • ၎င်းခရီးစဉ် ခွင့်ပြုချက်နှင့်အတူဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှတဆင့် အပျော်စီးသင်္ဘောနှင့်အတူပါရှိမည့် ခရီးသည်များအနက် ဗီဇာမပါရှိသူများအားဆိုက်ရောက်ဗီဇာ (Pre Arrangement Visa On Arrival) ခွင့်ပြုပေးနိုင်ရေးအတွက် အမည်စာရင်း၊ နိုင်ငံကူးလက်မှတ်အမှတ်တို့နှင့်တကွ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ ကြိုတင်လျှောက်ထားရမည်။

 

ခွင့်ပြုဗီဇာအမျိုးအစား
နေခွင့်
ဗီဇာကြေး
ကမ္ဘာလှည့်ဗီဇာ (Tourist Visa)
28 Days
30 USD