The definition of ASEAN Logo for 2014

Kha Yay or Star Flower

– Since kha yay is known as ‘star flower,’ (10) kha yay flowers stand for 10 ASEAN Member States as ‘ Stars’ in its own right, and the links among them means that all ASEAN Member States are joining hands in hands together in unity as a community and as emerging stars in the world.

– In the form, Star flower resembles the pinion of a machine. The linkage of the (10) pinions will be driving force for the peace and prosperity of the region for which the theme of the Chair stands for.

– In fact, Star flower is an ordinary flower in Myanmar valued by the millions of people. Therefore, it represents the majority people of the region. Therefore, Kha yay stands for millions of ASEAN people. Centered on the ASEAN people, ASEAN will advance towards the peace, prosperity and development of the region.

– The mixture of the white and yellow color of the star flower indicates peace and prosperity for the people of the region.

– The nobility of the star flower is its scent. The scent of the star flower recalling far and near even when it wilts. Therefore, like the resilience of the scent of star flower, the resilience of the ASEAN people remains in robust strength not only in times of enjoying achievements but also in times of encountering challenges.

Background Colour

The green background of the logo means that ASEAN will implement the development of the region emphasizing peace, green growth and environmental preservation in the region.

* * *

၂၀၁၄ ခုနှစ် အာဆီယံအမှတ်တံဆိပ် အဓိပ္ပါယ်ဖွင့်‌ဆိုချက်

ခရေပန်း

ခရေပန်းမှာ အမည်အားဖြင့် “ ကြယ်ပွင့်ပန်း” “Star Flower” ဟုဆိုရာ ခရေပန်း (၁၀) ပွင့် နှင့် ၎င်း၏ ချိတ်ဆက်ထားမှုသည် အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံအနေဖြင့် ကမ္ဘာ့ အလယ်တွင် စည်းလုံးညီညွတ်စွာ အသိုက်အဝန်းတစ်ခုအဖြစ်နှင့် တောက်ပလာမည့် ကြယ်ပွင့် များအဖြစ် ရည်ညွှန်းပါသည်။

ထို့ပြင် ခရေပန်းသည် အမြင်အားဖြင့် စက်ယန္တရား၏ ပင်နီယံကဲ့သို့လည်း အသွင်ဆောင်သည်ဖြစ်ရာ မောင်းနှင်စွမ်းအားကို ဖြစ်ထွန်းစေမည့် ပင်နီယံ(၁၀)ခု၏ဝန်းရံချိတ်ဆက်မှုသည် ဒေသကို ကိုယ်စားပြုသည့် အာဆီယံတံဆိပ်ကို လည်ပတ်မှုစွမ်းအားဖြင့် အာဆီယံ ဥက္ကဋ္ဌ၏ ဆောင်ပုဒ်နှင့်အညီ ဒေသကြီး၏ ငြိမ်းချမ်းမှု၊ ကြွယ်ဝချမ်းသာမှုကို စွမ်းဆောင်နိုင်မည်ကို ဖော်ဆောင်ပါသည်။

မြန်မာနိုင်ငံတွင် ခရေပန်းသည် ပြည်သူများမှ အလေးထားနှစ်သက်သည့် ပန်းမျိုးဖြစ်ပါသည်။ သို့ဖြစ်၍ ခရေသည်ဒေသတွင်းရှိ အခြေခံပြည်သူများကို ရည်ညွှန်းပါသည်။ ယင်းပြည်သူများကို ဗဟိုပြုလျက် ဒေသကြီး၏ ဖွံ့ဖြိုးတိုးတက်မှု၊ ကြွယ်ဝချမ်းသာမှု၊ အေးချမ်းတည်ငြိမ်မှုကို အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

ခရေပန်း၏ အရောင်ဖြစ်သောအဖြူရောင်နှင့် အဝါရောင် စပ်ယှက်ထားမှုသည် ဒေသကြီးအတွင်းရှိ ပြည်သူများအတွက်ငြိမ်းချမ်းမှုနှင့် ကြွယ်ဝမှုကို ကိုယ်စားပြုပါသည်။

ခရေပန်း၏ ထူးခြားချက်မှာ ရနံ့ဖြစ်ပြီး လန်းဆန်းစဉ်တွင်သာမက ခြောက်သွေ့ချိန် တွင်ပါ မွှေးပျံ့သည်ဖြစ်ရာ အဆိုပါ ပန်းရနံ့၏ ကြံ့ခိုင်မှုကဲ့သို့ပင် အာဆီယံဒေသရှိပြည်သူများ၏ ကြံ့ခိုင်မှုစွမ်းအားသည် အောင်မြင်သည့်အချိန်တွင်သာမက အခက်အခဲနှင့် ကြုံတွေ့ရမည့် အချိန် တွင်ပါ ကြံ့ကြံ့ခံနိုင်သည့် စွမ်းရည်ထူးကို ရည်ညွှန်းပါသည်။

 

အောက်ခံအရောင်

တံဆိပ်၏ အောက်ခံအရောင်ဖြစ်သည့် အစိမ်းရောင်သည် ဒေသကြီးဖွံ့ဖြိုးတိုးတက် မှုများအား ဖော်ဆောင်ရာတွင် ဒေသတွင်းအေးချမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားသည့် စိမ်းလန်းစိုပြေစွာဖွံ့ဖြိုးတိုးတက်မည့်ဒေသအဖြစ်ကို ဖော်ဆောင်ပါသည်။

 

* * *

More about 2014 ASEAN Summit, please visit:

The Official Website of ASEAN 2014 Chairmanship