H.E. U Myint Swe Presents Credentials to President of Mauritius

U Myint Swe, Ambassador Extraordinary and Plenipotentiary of the Republic of the Union of Myanmar to the Republic of Mauritius, presented his Credentials to Her Excellency Mrs. Ameenah Gurib-Fakim, G.C.S.K, C.S.K, PhD, DSc, President of the Republic of Mauritius on 28 September 2017, in Port Louis.

Ministry of Foreign Affairs
Nay Pyi Taw
Dated. 5 October 2017

သံအမတ်ကြီး ဦးမြင့်ဆွေ မောရစ်ရှပ်နိုင်ငံ သမ္မတထံ ခန့်အပ်လွှာပေးအပ်

မောရစ်ရှပ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးမြင့်ဆွေသည် ၎င်း၏ ခန့်အပ်လွှာကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ပေါ့(ထ်)လူးဝစ်မြို့၌ မောရစ်ရှပ်သမ္မတနိုင်ငံ သမ္မတ မစ္စစ် အမီနာ ဂူရစ်ဘ်-ဖာကမ် ထံ ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေ ပြည် တော်

ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်