Diplomatic Relations Established between the Republic of the Union of Myanmar and the Republic of Angola

PRESS RELEASE

DIPLOMATIC RELATIONS ESTABLISHED BETWEEN
THE REPUBLIC OF THE UNION OF MYANMAR AND
THE REPUBLIC OF ANGOLA

The Republic of the Union of Myanmar and the Republic of Angola, desirous of establishing friendly relations and mutually beneficial cooperation on the basis of the principles of the Charter of the United Nations and the norms of International Law in accordance with the Vienna Conventions on Diplomatic Relations and on Consular Relations, established diplomatic relations at Ambassadorial level with effect from 19 September 2013.

The Joint Communique on the establishment of diplomatic relations was signed by the Permanent Representative of the Republic of the Union of Myanmar to the United Nations and the Permanent Representative of the Republic of Angola to the United Nations in New York on 19 September 2013.

Myanmar has been making efforts to expand diplomatic relations with countries all over the world, and the Republic of Angola has become the 114th country with which Myanmar has established diplomatic relations.

Ministry of Foreign Affairs
Nay Pyi Taw

Dated:   26 September 2013

* * *

သတင်းကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် အင်ဂိုလာသမ္မတနိုင်ငံတို့အကြား
သံတမန်အဆက်အသွယ် ထူထောင်ခြင်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နှင့် အင်ဂိုလာ သမ္မတနိုင်ငံတို့သည် ကုလသမဂ္ဂ ပဋိညာဥ်စာတမ်းပါ မူကြီးများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့ကို အခြေခံပြီး သံတမန်ဆက်သွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းတို့နှင့်အညီ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးကို ထူထောင်လိုသည့်ဆန္ဒရှိကြသည့်အားလျော်စွာ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့မှ စတင်၍ နှစ်နိုင်ငံအကြား သံအမတ်ကြီးအဆင့်ဖြင့် သံတမန် အဆက်အသွယ် ထူထောင် ကြသည်။

နှစ်နိုင်ငံ သံတမန်အဆက်အသွယ် ထူထောင်သည့် ပူးတွဲကြေညာချက်ကို ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့် ကုလသမဂ္ဂဆိုင်ရာ အင်ဂိုလာအမြဲတမ်း ကိုယ်စားလှယ် တို့သည် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် နယူးယောက်မြို့၌ လက်မှတ်ရေးထိုးခဲ့ကြသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများနှင့် သံတမန်ဆက်ဆံမှု တိုးချဲ့ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ အင်ဂိုလာသမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ (၁၁၄) နိုင်ငံမြောက် သံတမန် ဆက်ဆံရေး ထူထောင်သည့်နိုင်ငံဖြစ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်

ရက်စွဲ၊ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ  ၂၆  ရက်

* * *