PRESS RELEASE

Diplomatic Relations Established between the Republic of the Union of Myanmar and the Republic of Seychelles

The Republic of the Union of Myanmar and the Republic of Seychelles, desirous of establishing friendly ties and cooperation guided by the principles enshrined in the Charter of the United Nations and the norms of International Law in accordance with the Vienna Convention on Diplomatic Relations and the Vienna Convention on Consular Relations, have established diplomatic relations at the level of Ambassadors, with effect from 12 July 2017.

The Joint Communiqué on the Establishment of Diplomatic Relations was signed by the Permanent Representative of the Republic of the Union of Myanmar to the United Nations and the Permanent Representative of the Republic of Seychelles to the United Nations in New York on 12 July 2017.

The Republic of Seychelles is the 121st country with which Myanmar has established diplomatic relations.

 

Ministry of Foreign Affairs

Nay Pyi Taw

Dated,   13 July 2017

* * *

သတင်းကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဆေးရှဲလ်သမ္မတနိုင်ငံတို့အကြား သံတမန်အဆက်အသွယ် ထူထောင်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဆေးရှဲလ်သမ္မတနိုင်ငံတို့သည် ကုလသမဂ္ဂပဋိညာဉ် စာတမ်းပါ မူကြီးများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့ကို အခြေခံပြီး သံတမန်ဆက်ဆံရေးနှင့် ကောင်စစ် ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းများနှင့်အညီ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးတက်ခိုင်မာစေရန် ဆန္ဒရှိကြသည့် အားလျော်စွာ ၂၀၁၇ ခုနှစ် ဇူလိုင်လ   ၁၂ ရက်နေ့မှ စတင်၍ နှစ်နိုင်ငံအကြား သံအမတ်ကြီးအဆင့်ဖြင့် သံတမန်အဆက်အသွယ် ထူထောင် ကြသည်။

မြန်မာနိုင်ငံနှင့် ဆေးရှဲလ်နိုင်ငံတို့အကြား သံတမန်အဆက်အသွယ် ထူထောင်သည့် ပူးတွဲ ကြေညာချက်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့် ကုလသမဂ္ဂဆိုင်ရာ ဆေးရှဲလ် အမြဲတမ်းကိုယ်စားလှယ် တို့သည် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် နယူးယောက်မြို့၌ လက်မှတ် ရေးထိုးခဲ့ကြသည်။

ဆေးရှဲလ်သမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ (၁၂၁) နိုင်ငံမြောက် သံတမန်အဆက်အသွယ် ထူထောင်သည့်နိုင်ငံ ဖြစ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

ရက်စွဲ၊ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်

* * *