MESSAGE FROM THE STATE COUNSELLOR OF THE REPUBLIC OF THE UNION OF MYANMAR ON THE 20TH ANNIVERSARY OF THE ESTABLISHMENT OF BIMSTEC

Today marks the 20th Anniversary of the founding of the Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation (BIMSTEC) which was set up to accelerate economic growth and social progress in the sub-region through joint endeavours in a spirit of equality and partnership.

On this auspicious day, it gives me great pleasure to extend my warmest greetings and best wishes to the Governments and peoples of all BIMSTEC Member States.

The name – Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation (BIMSTEC) – clearly explains the focus areas of the organization. BIMSTEC began by promoting cooperation. Today it is striving for integration and its efforts are gaining momentum. Now, a market of 1.5 billion people with a combined GDP of USD 2.5 trillion, BIMSTEC offers tremendous potential for the economic and social development of the region.

BIMSTEC is deserving of congratulations for the progress made since its inception 20 years ago. We recognize also that there is still much that remains to be done by the peoples and the governments of BIMSTEC to achieve their goals of peace, progress and prosperity. I believe that together we can overcome all these challenges we may have to face.

With its geographical position as a land bridge between South Asia and South East Asia, Myanmar shall continue to participate in the regional integration process actively to fulfill the objectives of the organization, and to meet the aspirations of the people of the BIMSTEC.

Aung San Suu Kyi

Nay Pyi Taw

6 June 2017

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ ပေးပို့သော ဘင်းမ်စတက်အဖွဲ့တည်ထောင်ခြင်း နှစ် (၂၀)ပြည့် အထိမ်းအမှတ်နေ့သဝဏ်လွှာ

ယနေ့သည် တန်းတူညီမျှမှုနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု စိတ်ဓါတ်ဖြင့် အတူ တစ်ကွ ကြိုးပမ်းဆောင်ရွက်မှုများမှတစ်ဆင့် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးမှုနှင့် လူမှုရေး တိုးတက်မှု အရှိန်အဟုန် မြှင့်တင်နိုင်ရန် ဖွဲ့စည်းခဲ့သော ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ် ဘင်းမ်စတက်အဖွဲ့ (Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation   BIMSTEC) တည်ထောင်ခြင်း အနှစ် (၂၀) ပြည့် အထိမ်းအမှတ်နေ့ဖြစ်ပါသည်။

ယခုကဲ့သို့ နေ့ထူးနေ့မြတ်အခါသမယတွင် မိမိအနေဖြင့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံ များ၏ အစိုးရများနှင့် ပြည်သူများကို နွေးထွေးစွာ နှုတ်ခွန်းဆက်သလျက် ဂုဏ်ယူ ဝမ်းမြောက်စွာဖြင့် ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။

ဘင်းမ်စတက်အဖွဲ့၏ အမည်နာမတွင်ပင် အဖွဲ့၏ ဦးစားပေးဆောင်ရွက်သည့် ကဏ္ဍ များကို ရှင်းလင်းစွာ ဖော်ပြထားပြီးဖြစ်ပါသည်။ ဘင်းမ်စတက်အဖွဲ့သည် ကနဦးတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက်စတင်ခဲ့ပါသည်။ လက်ရှိအချိန်တွင် ဘင်းမ်စတက် အဖွဲ့သည် ပေါင်းစည်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အရှိန်အဟုန်ကောင်း များလည်း ရရှိလျက်ရှိပါသည်။ လူဦးရေ ၁.၅ ဘီလီယံခန့် နေထိုင်သော စျေးကွက်ကြီးနှင့် အတူ စုစုပေါင်းအသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) အမေရိကန်ဒေါ်လာ ၂.၅ ထရီ လီယံ အထိရှိသော ဘင်းမ်စတက်အဖွဲ့သည် ဒေသတွင်း စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်မှု အတွက် အလွန်ကြီးမားသည့် အလားအလာကောင်းများရှိပါသည်။

ဘင်းမ်စတက်အဖွဲ့အား စတင်တည်ထောင်ဖွဲ့စည်းခဲ့သော လွန်ခဲ့သည့် နှစ်ပေါင်း (၂၀)‌ ကတည်းကရရှိခဲ့သည့် အောင်မြင်တိုးတက်မှုများကြောင့် ဘင်းမ်စတက်အဖွဲ့ကြီးအား ချီးကျူးဂုဏ်ပြုထိုက်ပါသည်။ မိမိတို့အနေဖြင့် ဘင်းမ်စတက်အဖွဲ့၏ ငြိမ်းချမ်း၍ တိုးတက် ကြွယ်ဝသော ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရန်အတွက် ဘင်းမ်စတက်အဖွဲ့ဝင် ပြည်သူများနှင့် အစိုးရများက ဆောင်ရွက်ရမည့်ကိစ္စများ များစွာ ကျန်ရှိနေသေး သည်ကိုလည်း သတိပြုမိပါသည်။ မိမိအနေဖြင့် မိမိတို့ကြုံတွေ့ရမည့် အဆိုပါစိန်ခေါ်မှုများကို အတူတကွ ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါသည်။

အရှေ့တောင်အာရှနှင့် တောင်အာရှအကြား ကုန်တွင်းတံတားသဖွယ်တည်ရှိနေသော ပထဝီအနေအထားကို ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံအနေဖြင့် ဘင်းမ်စတက်ပြည်သူများ၏ မျှော်လင့်ရည်မှန်းချက်များကို ပြည့်ဝစေရန်နှင့် အဖွဲ့ကြီး၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ဒေသဆိုင်ရာ ပေါင်းစည်းမှုလုပ်ငန်းစဉ်တွင် ဆက်လက်၍ တက်ကြွစွာ ပါဝင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

အောင်ဆန်းစုကြည်

၂၀၁၇ ခုနှစ် ဇွန်လ ၆ ရက်

နေပြည်တော်