PRESS RELEASE

A Ceremony to make providing of financial assistance of the Government of the People’s Republic of China to Myanmar’s Peace process took place on morning of 5th January 2017 at the Ministry of Foreign Affairs, Nay Pyi Taw. U Kyaw Zeya, Permanent Secretary of Ministry received USD one million from H.E. Mr. Hong Liang, Ambassador of the People’s Republic of China in Yangon extend to National Reconciliation and Peace Center (NRPC) of Myanmar. The Permanent Secretary of Ministry handed over to H.E. Mr. Hong Liang to the certificate of appreciation of National Reconciliation and Peace Centre. China has pledged to donate a sum of USD 3 million for the National Reconciliation and Peace process of Myanmar.

Ministry of Foreign Affairs
Nay Pyi Taw
Dated. 5th January 2017

သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ ငွေကြေးကူညီထောက်ပံ့မှု အခမ်းအနားကို ၅-၁-၂၀၁၇ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာဟုန်းလျန်မှ အမေရိကန် ဒေါ်လာ (၁)သန်းကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးကျော်ဇေယျ သို့ ပေးအပ်ခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ သံအမတ်ကြီး မစ္စတာဟုန်းလျန်ထံသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ ကျေးဇူးတင်ရှိကြောင်းစာလွှာကို ပြန်လည်ပေးအပ်ခဲ့ပါသည်။ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တရုတ်နိုင်ငံမှ စုစုပေါင်းအမေရိကန်ဒေါ်လာ (၃)သန်း လှူဒါန်းသွားမည် ဖြစ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေ ပြည် တော်
ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်