Myanmar ratified the Convention on the Physical Protection of Nuclear Material and the Convention on Nuclear Safety

Myanmar ratified the Convention on the Physical Protection of Nuclear Material and the Convention on Nuclear Safety

Permanent Representative and Ambassador Extraordinary and Plenipotentiary of the Republic of the Union of Myanmar to the United Nations Office and other International Organizations in Vienna H.E. U San Lwin deposited Myanmar’s Instrument of Ratification on the Convention on the Physical Protection of Nuclear Material and Instrument of Accession on the Convention on Nuclear Safety to the Director-General of the International Atomic Energy Agency H.E. Mr. Yukiya Amano, on 6-12-2016.

While Myanmar stands for complete nuclear disarmament, it supports the peaceful application of nuclear energy. Accordingly, its ratification to the said conventions reflects Myanmar’s great emphasis on nuclear safety and security.

မြန်မာနိုင်ငံမှ နျူကလီးယားဒြပ်ပစ္စည်းနှင့် နျူကလီးယားအဆောက်အအုံများအား ရုပ်ပိုင်းဆိုင်ရာ အကာအကွယ်ပြုမှုပဋိညာဥ်(Convention on the Physical Protection of Nuclear Material-CPPNM) နှင်‌့ နျူကလီးယားဘေးအန္တရာယ်ကင်းရှင်းရေးပဋိညာဥ် (Convention on Nuclear Safety-CNS) သို့ အတည်ပြုပါဝင်ခြင်း

သြစတြီးယားနိုင်ငံရှိ မြန်မာအဖွဲ့ရုံး၊ ဗီယင်နာမြို့မှ မြန်မာအမြဲတမ်းကိုယ်စားလှယ်/ သံအမတ်ကြီး ဦးစံလွင်သည် မြန်မာနိုင်ငံမှ နျူကလီးယားဒြပ်ပစ္စည်းနှင့် နျူကလီးယားအဆောက် အအုံများအား ရုပ်ပိုင်းဆိုင်ရာအကာအကွယ်ပြုမှုပဋိညာဉ် (CPPNM) နှင်‌့ နျူကလီးယားဘေး     အန္တရာယ်ကင်းရှင်းရေးပဋိညာဉ် (CNS) သို့ အတည်ပြုပါဝင်ကြောင်း စာချွန်လွှာများကို အပြည်ပြည်ဆိုင်ရာအဏုမြူ စွမ်းအင်အေဂျင်စီ၏ ညွှန်ကြားရေးမှူးချုပ် Mr. Yukiya Amano ထံ ၆-၁၂-၂၀၁၆ ရက်နေ့တွင်အပ်နှံခဲ့ပြီးဖြစ်ပါသည်။

မြန်မာနိုင်ငံသည် နျူကလီးယားလက်နက်အလုံးစုံဖျက်သိမ်းရေးကိုလိုလားပြီး တစ်ဖက်တွင်လည်း နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေးကို ဆောင်ရွက်လျက်ရှိရာ နျူကလီးယားဘေးအန္တရာယ်လုံခြုံရေးကို အလေးထားသည့်အနေဖြင့် အထက်ပါစာချုပ်များသို့ ဝင်ရောက် ခဲ့ခြင်းဖြစ်ပါသည်။