အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ ဂျော်ဂျီယာနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံခြင်း

(၁၃-၈-၂၀၁၉ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် မြန်မာနိုင်ငံဆိုင်ရာ ဂျော်ဂျီယာနိုင်ငံ သံအမတ်ကြီး H.E. Mr. Nikoloz Apkhazava အား ၁၃-၈-၂၀၁၉ ရက်၊ ၁၅၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဂျော်ဂျီယာနှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မည့်ကိစ္စ၊ နှစ်နိုင်ငံအကြား အပြန်အလှန် ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်သွားနိုင်ရေး အလားအလာများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။