အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းမိသားစုများ အာဆီယံနှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းတွေ့ဆုံပွဲသို့ ပါဝင်တက်ရောက်ခြင်း

(၁၁-၈-၂၀၁၉ ရက်၊ တဲလ်အဗီးမြို့)

၈-၈-၂၀၁၉ ရက်တွင် ကျရောက်သည့် (၅၂)ကြိမ်မြောက် အာဆီယံနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အစ္စရေးနိုင်ငံအခြေစိုက် အာဆီယံအဖွဲ့ဝင်သံရုံးများဖြစ်ကြသည့် မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ် သံရုံးတို့စုပေါင်း၍ အာဆီယံမိသားစုဝင်များအချင်းချင်း ပိုမို ရင်းနှီးချစ်ကြည်မှု ရရှိစေရန် ၁၀-၈-၂၀၁၉ ရက်တွင် အစ္စရေးနိုင်ငံ၊ Ramat Aviv မြို့ရှိ Tel Baruch ကမ်းခြေ၌ တွေ့ဆုံပွဲတစ်ရပ်ကို ပြုလုပ်ကျင်းပခဲ့ရာ အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်လင်းနှင့် သံရုံးဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲတွင် အာဆီယံသံရုံး ၄ ရုံး၏ သံအမတ်ကြီးများက အဖွင့်အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပြီးနောက် ဂိမ်းအစီအစဉ်များနှင့် အစားအသောက်များ အပြန်အလှန်ဧည့်ခံခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။