ပိုလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအား သွားရောက်တွေ့ဆုံခဲ့ခြင်း

(၉-၈-၂၀၁၉ ရက်၊ ဝါဆောမြို့)

ပိုလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်သည် ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာန H.E. Mr. Maciej Lang, Undersecretary of State for Security, Asia, the Americas, Africa and the Middle East Policy အား ၉-၈-၂၀၁၉ ရက်နေ့၊ နံနက် (၁၀၀၀) နာရီအချိန်တွင် ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဆွေးနွေးပွဲ ၂၀၁၉ ခုနှစ် ဆောင်းဦးရာသီတွင် နေပြည်တော်၌ ကျင်းပရန်ကိစ္စ၊ ဖွံ့ဖြိုးတိုးတက်မှု အကူအညီများ ပေးအပ်ရာတွင် Green Energy ထုတ်လုပ်နိုင်ရေးနှင့် အမှိုက်များကို စနစ်တကျစွန့်ပစ်ရေး (waste management) ကဏ္ဍတို့တွင် ပေးအပ်သွားမည့်ကိစ္စ၊ ပညာတော်သင်ဆုများ ပေးအပ်ရာတွင် သင်ယူနိုင်ရန် လုံလောက်သော အချိန်ကာလ ထည့်သွင်းပေးရန်ကိစ္စတို့ကို ဆွေးနွေးခဲ့သည့်အပြင် ရခိုင်မြောက်ပိုင်းမှ တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်သွားသူများ ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ အမြန်ဆုံးနှင့် စနစ်တကျ စိစစ်လက်ခံနိုင်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းမှုများ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ချက်သမ္မတနိုင်ငံနှင့် ဟန်ဂေရီနိုင်ငံခရီးစဉ် အောင်မြင်မှုများနှင့် ပိုလန်-မြန်မာ ကုန်သွယ်မှုတိုးတက်ရေး တိုးတက်ရေးအတွက် အကြံပြုချက်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။