မြန်မာသံအမတ်ကြီး သီရိပျံချီဦးထွန်းနေလင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဟောင်း ကွယ်လွန်ခဲ့ခြင်းအတွက် ဝမ်းနည်းကြောင်း မှတ်တမ်းတွင် လက်မှတ်ရေးထိုး

(၉-၈-၂၀၁၉ ရက်၊ ကတ္တမန္ဒူးမြို့)

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သီရိပျံချီဦးထွန်းနေလင်းသည် ၉-၈-၂၀၁၉ ရက်နေ့တွင် ကတ္တမန္ဒူးမြို့၊ အိန္ဒိယသံရုံးသို့ သွားရောက်၍ အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဟောင်း Mrs. Sushma Swaraj ကွယ်လွန်ခြင်းအတွက် ဖွင့်လှစ်ထားသည့် ဝမ်းနည်းကြောင်းမှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။